နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ထန်းတပင် စက်မှုလယ်ယာ စနစ်ကျလယ်ယာမြေများအဖြစ် မြေဧက ၁၅၀ ဖော်ထုတ်မှု ရာနှုန်းပြည့်ပြီးစီး

ရန်ကုန်၊ ဇန်နဝါရီ  ၁၂


ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင် မြို့နယ် ရေဖြူကျေးရွာအုပ်စု၊ အုတ်ဖို ကျေးရွာ၊ ကွင်းအမှတ် ၁၇၆-ခ ရှိ လယ်ယာမြေဧက ၁၅၀ ကို စက်မှု လယ်ယာ စနစ်ကျလယ်ယာမြေများ အဖြစ် ပြောင်းလဲအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး ယခုအခါ ၁၀၀ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်သည်။


ထန်းတပင်မြို့နယ် စက်မှုလယ်ယာ ဦးစီးဌာနအနေဖြင့် စက်မှုလယ်ယာ စနစ်ကျလယ်ယာမြေဧက ဖော်ထုတ်ခြင်း လုပ်ငန်းကို ထန်းတပင်မြို့နယ်အတွင်း ရေပေါ်သောင်ကျေးရွာတွင်   ပထမ အကြိမ်အဖြစ် ၂၀၁၆ ခုနှစ်တွင် ဧက ပေါင်း ၃၈၁ ဧကကို လည်းကောင်း၊  ရေဖြူကျေးရွာအုပ်စု၊ အုတ်ဖို ကျေးရွာတွင် လယ်ယာမြေဧက ၁၅၀ ကို အကောင် အထည်ဖော် ဆောင်ရွက်ခြင်းဖြစ်သည်။ 


စနစ်ကျ လယ်ယာမြေဧကများ ဖော်ထုတ်ခြင်းကြောင့် ဒေသခံတောင်သူ များ လက်မှုလယ်ယာမှ စက်မှုလယ်ယာ သို့ ကူးပြောင်းရောက်ရှိခြင်း၊ တောင်သူ များ အကျိုးရှိ ဝင်ငွေတိုးပွားစေခြင်း၊ ရေသွင်းရေထုတ်မြောင်းများ ကောင်းမွန် စေခြင်း၊ လယ်ယာကုန်ထုတ်လမ်းများ ကြောင့် လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်လာခြင်း၊ သီးနှံများအထွက် တိုးပွားလာခြင်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင်လည်း အထောက် အကူပြုသည့် အကျိုးကျေးဇူးများကိုပါ ရရှိစေမည်ဖြစ်သည်။


ထန်းတပင်မြို့နယ်၊ ရေဖြူကျေးရွာ အုပ်စု၊ အုတ်ဖိုကျေးရွာတွင် လယ်ယာမြေ ဧက ၁၅၀ ကို ၂၀၂၁ ခုနှစ်၊ မေ ၁ ရက်မှ စတင်  ပြောင်းလဲခဲ့သည်။ စနစ်ကျ လယ်ယာမြေ ဖော်ထုတ်ခြင်းလုပ်ငန်းကို စက်မှုလယ်ယာဦးစီးဌာန၏ ငွေလုံး ငွေရင်းအသုံးစရိတ်ဖြင့် လယ်ယာမြေ ၁၅၀ ဧကကို တစ်ဧကလျှင် ငွေကျပ်           ၁ ဒသမ ၂၁၅ သန်းနှုန်းဖြင့်  အကောင် အထည်ဖော် ဆောင်ရွက်ခြင်းဖြစ်သည်။

ဇင်မင်းထိုက်(ထန်းတပင်)






အခြားဆက်စပ်သတင်းများ