နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကင်ညာတွင် မိုဘိုင်းလ်ငွေကြေးအသုံးပြုမှု စံချိန်တင်

 နိုင်ရိုဘီ၊  ဇန်နဝါရီ ၁၂


၂၀၂၁ ခုနှစ်အတွင်း ကင်ညာ နိုင်ငံ၏ မိုဘိုင်းလ်ဖုန်းဖြင့် ငွေကြေးအသုံးပြုမှု သည် နိုင်ငံငွေကြေးဖြစ်သော ရှီလင် ၆ ဒသမ၂၄ ထရီလီယံ ခန့်အထိရှိခဲ့ပြီး သမိုင်းတလျှောက် ဖုန်းငွေကြေးအသုံး ပြုမှုအမြင့်ဆုံးပမာဏသို့ ရောက်ရှိခဲ့ ကြောင်း နိုင်ငံဗဟိုဘဏ်က ကြေညာ သည်။


ယင်းပမာဏသည် ၂၀၂၀ ပြည့် နှစ်တစ်နှစ်လုံးတွင် ပမာဏ ကန်ဒေါ်လာ ၄၅ ဒသမ ၉ ဘီလီယံရှိနေရာမှ မြင့်တက် လာခြင်းဖြစ်ကြောင်း ကင်ညာ ဗဟိုဘဏ် က ဇန်ဝါရီလ ၁၂ ရက်တွင် ထုတ်ပြန် လိုက်သည်။


အစိုးရအနေဖြင့် ၂၀၂၁ ခုနှစ် အစောပိုင်းတွင် ကိုဗစ်-၁၉ ဆိုင်ရာ ဖြေလျှော့မှုများကို ဆိုင်းငံ့ခဲ့ပြီးနောက် ယင်းကဲ့သို့ ဒီဂျစ်တယ် ငွေကြေးအသုံး ပြုမှု မြင့်တက်လာခြင်းဖြစ်ကာ အသုံး ပြုသူပေါင်း ၈ သန်းအထိ မြင့်တက်သွား ကြောင်း သိရသည်။ 


ပြီးခဲ့သည့်  တစ်နှစ်တာကာလ အတွင်း   ဖုန်းငွေကြေးအသုံးပြုမှုအမြင့် ဆုံးလသည် နိုဝင်ဘာလဖြစ်ပြီး ထိုလ တွင် ကန်ဒေါ်လာ ၅ ဒသမ ၅ ဘီလီယံ ခန့်    ငွေလွှဲမှုများပြုလုပ်ခဲ့ကြကာ ကိုယ်စားလှယ်အရေအတွက်မှာလည်း ၂၉၉၀၅၃ အထိမြင့်တက်လာခဲ့ပြီး ဝန်ဆောင်မှုအသုံးပြုသူများစာရင်းသည်  ၆၇ သန်းအထိရှိခဲ့ကြောင်း ဗဟိုဘဏ်က ပြောကြားသည်။

(Ref: Reuters)






အခြားဆက်စပ်သတင်းများ