နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အစ္စရေးနိုင်ငံ ဘင်ယာမီနာဒေသတွင် ကြက်ငှက်တုပ်ကွေး ပျံ့နှံ့နေ

ဂျေရုဆလင်၊  ဇန်နဝါရီ ၁၂


အစ္စရေး စိုက်ပျိုးရေးဝန်ကြီးဌာန အနေဖြင့် ဘင်ယာမီနာဒေသရှိ မွေးမြူ ရေးကြက်ခြံများတွင် ကြက်ငှက်တုပ် ကွေးဖြစ်ပွားနေသည်ကို တွေ့ရှိကြောင်း ဇန်နဝါရီ ၁၂ ရက်တွင် ထုတ်ပြန်သည်။


မွေးမြူရေးခြံတစ်ခုတွင်   ကြက် ၁၈,၇၀၀ ကောင်မှာ ကြက်ငှက်တုပ်ကွေး ရောဂါ  ကူးစက်ခံနေရခြင်းကြောင့် စိုက်ပျိုးရေးဝန်ကြီးဌာန၏ တိရစ္ဆာန် ဆေးကုသရေးအနေဖြင့် ဗိုင်းရပ်စ် ကူးစက်မှု ထပ်မံမပြန့်ပွားစေရန် မွေးမြူ ရေးခြံကို သီးခြားခွဲထားကြောင်း သိရ သည်။


 စိုက်ပျိုးရေးဝန်ကြီးဌာနသည် ယခု အခြေအနေကို   အရေးပေါ်အခြေအနေ အဖြစ်သတ်မှတ်ပြီး ယင်းဒေသရှိ ကြက် ခြံများကို နိုးနိုးကြားကြား စောင့်ကြည့် လျက်ရှိကြောင်း ထုတ်ပြန်ထားသည်။ 


ကြိုးကြာကောင်ရေ  ၈၀၀၀ ခန့် အပါအဝင် ယနေ့အချိန်အထိ နိုင်ငံတစ် ဝန်းတွင် ကြက်ငှက်တုပ်ကွေး ရောဂါ ကူးစက်ခံထားရသည့် ငှက်ပေါင်းတစ် သန်းကျော်ရှိပြီး တောရိုင်းနှင့် အိမ်မွေး ငှက် ထောင်ပေါင်းများစွာသည် လည်း အဆိုပါ ရောဂါကြောင့် သေဆုံးခဲ့ရ ကြောင်း သိရသည်။ 


လက်ရှိတွင် တိရစ္ဆာန်များ ထိခိုက် ခံစားရမှု   အနည်းဆုံးဖြစ်စေရန်စီမံ ဆောင်ရွက်လျက်ရှိပြီး ပြည်သူ့ကျန်းမာ ရေးကိုထိန်းသိမ်းကာ လူကိုကူးစက် ခြင်းမှ ကာကွယ်နိုင်စေရန် ဆောင်ရွက် နေ ပြီး  ကြက်ငှက်တုပ်ကွေးပြန့်ပွားနေ သော်လည်း နိုင်ငံအတွင်း ဆောင်ရွက် ရမည့်ကိစ္စများကို အကောင်းဆုံးဆောင် ရွက်မည်ဖြစ်ကြောင်း အစိုးရအဖွဲ့က ပြောကြားသည်။            

(Ref: Yahoo)






အခြားဆက်စပ်သတင်းများ