နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကာဇက်စတန်နိုင်ငံရေးပဋိပက္ခယူရေနီယံသတ္ထုတင်ပို့မှုလုပ်ငန်း စျေးနှုန်းများ မြင့်တက်

နူးလ်ဆူလတန်၊  ဇန်နဝါရီ ၁၂


ကမ္ဘာတစ်ဝန်း ယူရေနီယံသတ္ထုအများ ဆုံးထုတ်လုပ်သောနိုင်ငံ တစ်နိုင်ငံဖြစ် သည့် ကာဇက်စတန်နိုင်ငံတွင် နိုင်ငံရေး မငြိမ်မသက်မှုများ ဖြစ်ပေါ်ပြီးနောက် နိုင်ငံတကာ ယူရေနီယံသတ္ထုတင်ပို့မှု စျေးနှုန်းများ မြင့်တက်လာကာ ဇန်နဝါရီ ၁၁ ရက်တွင် ယူရေနီယံစျေးနှုန်းမှာ တစ်ပေါင်လျှင် ကန်ဒေါ်လာ ၄၅ ဒသမ ၂၅ အထိ မြင့်တက်လာကြောင်း သိရသည်။


တွင်းထွက်ပစ္စည်းများ ပေါကြွယ် ဝသည့် ကာဇက်စတန်နိုင်ငံသည် ကမ္ဘာ့ အကြီးဆုံး ယူရေနီယံထုတ်လုပ်သော နိုင်ငံဖြစ်ပြီး ကမ္ဘာ့ယူရေနီယံ ၄၀ ရာခိုင် နှုန်းခန့်ကို ထုတ်လုပ်ထားသည့်အပြင် ကမ္ဘာ့ယူရေနီယံ အရန်သိုလှောင်မှု ၁၅ ရာခိုင်နှုန်းမှာလည်း ကာဇက်စတန် နိုင်ငံတွင်ရှိကြောင်း ကမ္ဘာ့နျူကလီးယား စွမ်းအင်အသင်းက ပြောကြားသည်။


တရုတ်၊ ဂျပန်နှင့် တောင်ကိုရီးယား အစရှိသော နိုင်ငံများသည် ကာဇက် စတန်နိုင်ငံမှ တင်ပို့နေသော ယူရေနီယံ အပေါ်သာ မှီခိုနေရပြီး ပြီးခဲ့သည့် ရက် ပိုင်းများအတွင်း   ထိုနိုင်ငံများတွင် ယူရေနီယံစျေးနှုန်း မြင့်တက်လာပြီဖြစ် ကြောင်း ယီမင်တက္ကသိုလ်နိုင်ငံတကာ စွမ်းအင်နှင့် ပတ်ဝန်းကျင်ဗျူဟာ လေ့လာ ရေးစင်တာတွင် ညွှန်ကြားရေးမှုးချူပ် အဖြစ် တာဝန်ထမ်းဆောင်နေသော လီယူဇူက ပြောသည်။


ကာဇက်စတန်နိုင်ငံ၏ အခြေအနေ များကြောင့် တရုတ်ကုမ္ပဏီအများစု လည်း ထိခိုက်နစ်နာနေရပြီး ကာဇက် စတန်နိုင်ငံတွင် သတ္ထုတွင်းလုပ်ငန်း လုပ်ကိုင်နေသော CGN Mining ၏ ရှယ်ယာတန်ဖိုးသည် ၄ ဒသမ ၆ ရာခိုင် နှုန်းအထိ ကျဆင်းသွားကြောင်း သိရ သည်။


ကာဇက်စတန်နိုင်ငံ၏ နိုင်ငံရေး မတည်ငြိမ်မှုများသည် တရုတ်အစိုးရ၏ အခြားသော စီမံကိန်းများတွင်လည်း ထိခိုက်လာနိုင်ကြောင်း ပညာရှင်အချို့က သုံးသပ်ထားသည်။             (Ref: BBC)






အခြားဆက်စပ်သတင်းများ