နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ထိုင်းနိုင်ငံတွင် အာဖရိကဝက်တုပ်ကွေးပိုးတွေ့ရှိ

ဘန်ကောက်၊  ဇန်နဝါရီ ၁၂


ထိုင်းနိုင်ငံ၊ Nakhon Pathom ဒေသရှိသားသတ်ရုံမှယူခဲ့သည့် နမူနာ အရ  အာဖရိကဝက်တုပ်ကွေးပိုးကို နိုင်ငံအတွင်း တွေ့ရှိနေပြီဖြစ်ကြောင်း ထိုင်းအာဏာပိုင်များက ဇန်နဝါရီ ၁၂ ရက်တွင် တရားဝင်အတည်ပြု ပြောကြား လိုက်သည်။


အိမ်မွေးဝက် သေဆုံးသွားရာမှ ဝက် တုပ်ကွေးပိုးကိုတွေ့ခဲ့ခြင်း ဖြစ်ကြောင်း Kasetsart တက္ကသိုလ်၏ ဓာတ်ခွဲခန်းက ထုတ်ပြန်ထားပြီး ထိုင်းနိုင်ငံတွင် ဝက် မွေးမြူရေးလုပ်ငန်းများအကြား  ဝက် တုပ်ကွေး ပျံ့နှံ့နေသည့် မှန်းဆချက်မှာ မကြာသေးမီကာလအတွင်း ထွက်ပေါ် လာပြီးနောက် အာဏာပိုင်များက သား သတ်ရုံနမူနာများကို ဓာတ်ခွဲစစ်ဆေး ခဲ့ခြင်းဖြစ်သည်။


ဝက်မွေးမြူရေးခြံ ၁၀ ခြံနှင့် သား သတ်ရုံနှစ်ရုံရှိ နမူနာ ၃၀၉ ခုအနက် နမူနာတစ်ခုတွင် ယခုလို တွေ့ရှိခြင်း ဖြစ်ကြောင်း မွေးမြူရေး ဖွံ့ဖြိုးတိုးတက်မှု ဌာန ညွှန်ကြားရေးမှူးချုပ် Sorravis Thaneto က ပြောသည်။


ပိုးတွေ့ရှိသည့်နေရာ၏     သုံးမိုင် ပတ်လည်ကို ကူးစက်ဇုန်အဖြစ် အစိုးရ က ကြေညာမည်ဖြစ်ပြီး ဝက်များသွား လာတင်ပို့ခြင်းကို      ကန့်သတ်၍ သံသယရှိသည့်ဝက်များကို  သုတ်သင် မည်ဖြစ်ကြောင်း၊ သို့ရာတွင် အစိုးရအနေ ဖြင့် ယင်းတို့ကို နစ်နာကြေးပေးမည် ဖြစ်ကြောင်း   ညွှန်ကြားရေးမှူးချုပ် Sorravis Thaneto က ပြောသည်။


နစ်နာကြေးပေးရန်  အစိုးရအဖွဲ့ အနေဖြင့် ထိုင်းဘတ်ငွေ ၅၇၄ သန်း၊ အမေရိကန် ဒေါ်လာအားဖြင့် ၁၇ ဒသမ ၁၅ သန်းကို သဘောတူချထားပေး မည်ဖြစ်ပြီး ကမ္ဘာ့တိရစ္ဆာန်ကျန်းမာရေးအဖွဲ့ကိုလည်း အကြောင်းကြားသွားမည် ဖြစ်ကြောင်း သိရသည်။       

(Ref:CNA)






အခြားဆက်စပ်သတင်းများ