နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
၂၀၂၂ ခုနှစ်အတွင်း ဒုတိယမြောက် ဒုံးကျည် မြောက်ကိုရီးယား ထပ်မံစမ်းသပ်ပစ်လွှတ်

ဆိုးလ်၊ ဇန်နဝါရီ ၁၂


၂၀၂၂ ခုနှစ်အတွင်း ဒုတိယမြောက် ဒုံးကျည်ကို မြောက်ကိုရီးယားဘက်မှ ထပ်မံ စမ်းသပ်ပစ်လွှတ်လိုက်ကြောင်း တောင်ကိုရီးယားမီဒီယာများတွင် ဖော် ပြသည်။


ဇန်နဝါရီ ၁၁ ရက်တွင် မြောက် ကိုရီးယားနိုင်ငံ(DPRK)သည် အရှေ့ ဘက်ရေပြင်အတွင်းသို့ အမျိုးအမည် မသိ ဒုံးကျည်တစ်စင်းအား ပစ်လွှတ်ခဲ့ ကြောင်း တောင်ကိုရီးယားနိုင်ငံ ပူးတွဲ စစ်ဦးစီးချုပ် (JCS) က ပြောကြားထား ခြင်းဖြစ်သည်။ 


အဆိုပါ ဒုံးကျည်အား အရှေ့ဘက် ပင်လယ်ပြင်အတွင်းသို့ ပစ်လွှတ်ခဲ့ခြင်း ဖြစ်ကြောင်း  JCS က ထုတ်ပြန်ချက် တွင် ပြောကြားထားပြီး  အသေးစိတ် အချက်အလက်များကိုမူ ရည်ညွှန်း ဖော်ပြထားခြင်းမရှိကြောင်း သိရသည်။


ယင်းမှာ မြောက်ကိုရီးယားနိုင်ငံ၏ ၂၀၂၂ ခုနှစ်တွင် ဒုတိယအကြိမ်မြောက် ဒုံးကျည်စမ်းသပ်မှု ပြုလုပ်ခဲ့ခြင်းဖြစ်ကာ မြောက်ကိုရီးယားနိုင်ငံသည် အသံထက် မြန်သော ဒုံးကျည်တစ်စင်းကိုလည်း ပြီးခဲ့သည့် ဇန်နဝါရီ ၅ ရက်တွင်အောင် မြင်စွာစမ်းသပ်ပစ်လွှတ်ခဲ့ပြီး     ဖြစ် ကြောင်း သိရသည်။

(Ref:AFP)






အခြားဆက်စပ်သတင်းများ