နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကိုရိုနာဗိုင်းရပ်ကာကွယ်ရေး မီတာယူနစ်များ Viber မှပေးပို့နိုင် သင်္ကြန်ကာလ မီတာခကျသင့်ငွေ ပေးသွင်းရက်ပြောင်းလဲ

မန္တလေး ဧပြီ ၃ မန္တလေးခရိုင်အတွင်း မြို့နယ်လျှပ်စစ်မန်နေဂျာရုံးများမှ မီတာဖတ်စာရေးများ ကိုရိုနာဗိုင်းရပ်စ်ရောဂါကာကွယ်ရေးအတွက်အကာအကွယ်ပစ္စည်းများ ဖြည့်ဆည်းပေးပြီးဌာနနှင့် ပြည်သူနစ်နာမှုမရှိစေရေး ဧပြီလ အတွက် မီတာဖတ်ရန် ရပ်ကွက်များသို့စေလွှတ်ကာ မီတာဖတ်လျက်ရှိသည်။ အိမ်ထဲတွင် တပ်ဆင်ထားသော မီတာများ မိမိအိမ်တွင်း မဝင်စေလိုပါက မီတာနံပါတ်နှင့် ယူနစ်ပေါ်အောင်ဓာတ်ပုံရိုက်၍ မီတာစာရေးအား အိမ်ပြင်တွင် ပြသနိုင်သည်။ မြို့နယ်အလိုက် မီတာဖတ်ချက်မှန်ကန်စေရေးအတွက် မီတာ bill စာရွက်နှင့် မီတာယူနစ်ပေါ်သော ဓာတ်ပုံ ၂ ပုံကို Viber ဖြင့်ပေးပို့ခြင်းလည်း ဆောင်ရွက်နိုင်သည်။ ဆက်သွယ်ပေးပို့နိုင် သည့် Viber ဖုန်းနံပါတ်များမှာ အောင်မြေသာစံမြို့နယ် ဖုန်း ဝ၉-၄၂၀၇၀၆၉၁၀၊ ချမ်းအေးသာစံမြို့နယ် ဖုန်း ဝ၉-၄၀၁၅၇၀၅၈၁၊ မဟာအောင်မြေမြို့နယ် ဖုန်း ဝ၉-၄၀၂၅၇၅၂၈၃၊ ချမ်းမြသာစည်မြို့နယ် ဖုန်း ဝ၉-၄၀ဝ ၄၃၁၁၈၊ ပြည်ကြီးတံခွန်မြို့နယ် ဖုန်း ဝ၉-၂၀၅၆၃၁၅၊ အမရပူရမြို့နယ် ဖုန်း ဝ၉-၇၈၀၇၂၄၅၂၁နှင့် ပုသိမ်ကြီး မြို့နယ် ဖုန်း ဝ၉-၄၄၄၀၃၆၆၀ဝ တို့ဖြစ်သည်။ မီတာခ နောက်ဆုံးပေးဆောင်ရမည့်ရက်များအား ယခင်ဧပြီ ၁၇ ရက် အစား ယခုဧပြီ ၂၀ ရက်သို့လည်း ကောင်း၊ ဧပြီ ၁၉ ရက်အစား ဧပြီ ၂၂ ရက်သို့လည်းကောင်း၊ ဧပြီ ၂၁ ရက်အစား ဧပြီ ၂၄ ရက်သို့ လည်းကောင်း၊ ဧပြီ ၂၃ ရက်အစား ဧပြီ ၂၆ ရက်သို့လည်းကောင်း၊ ဧပြီ ၂၅ ရက်အစား ဧပြီ ၂၈ ရက်သို့ ပြောင်းလဲသတ်မှတ် ထားပြီး လျှပ်စစ်မန်နေဂျာရုံးများ နှစ်သစ်ကူးရုံးပိတ်ရက် ဧပြီ ၁၀ ရက် မှ ၁၇ ရက်အထိ ငွေလက်ခံကောင်တာ ပိတ်ထားမည်ဖြစ်ပြီး ဧပြီ ၁၈ ရက်မှ ၂၈ ရက်အထိ ပိတ်ရက်မရှိ ပြန်လည်ဖွင့်လှစ်မည်ဖြစ်ကြောင်း မီးသုံးစွဲ သူများထံ ပန်ကြားထားသည်။ မန္တလေးခရိုင်အတွင်း လျှပ်စစ်မီတာခများကိုလည်း CB ဘဏ်၊ AGD ဘဏ်၊ AYA ဘဏ်၊ MAB ဘဏ်၊ KBZ ဘဏ်နှင့် ရတနာပုံဘဏ်ဝန်ဆောင်မှုလုပ်ငန်းများမှတစ်ဆင့် Mobile Banking၊ Mobile Application များဖြင့် ပေးဆောင်နိုင်ကြောင်း သိရသည်။ မောင်ပြည်သူ(မန္တလေး)






အခြားဆက်စပ်သတင်းများ