နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကာဇက်စတန်တွင် အရေးပေါ်အခြေအနေကြေညာ

နူအာဆူလတန်   ဇန်နဝါရီ    ၇


နိုင်ငံတစ်ဝှမ်း လောင်စာဆီဈေး မြင့်တက်မှုကို ဆန့်ကျင်ကန့်ကွက်မှု များဆက်လက်ဖြစ်ပေါ်နေရာ ကာဇက် စတန်နိုင်ငံ၏ မြို့တော်နူအာဆူလတန် တွင် ဇန်နဝါရီ ၆ ရက်က အရေးပေါ် အခြေအနေကြေညာလိုက်သည်။ 


ကာဇက်စတန်သမ္မတ ကေဆန် ဂျိုမတ် တိုကရက်ဗ်အနေဖြင့် အနောက်ဘက်ရှိ ရေနံကြွယ်ဝသော မန်ဂျိုင့်ဆုဒေသနှင့် လူထုလုံခြုံရေးကို ထိန်းသိမ်းရန်အတွက် နူအာဆူလတန် မြို့နှင့် အယ်လ်မေတီမြို့တို့တွင် လာမည့်ဇန်နဝါရီလ ၁၉ ရက်အထိ အရေးပေါ်အခြေအနေ ကြေညာထား မည်ဖြစ်သည်။


မြို့တော်အတွင်း ည ၁၁ နာရီမှ နံနက် ၇ နာရီအထိ ညမထွက်ရ အမိန့်ထုတ်ပြန်ထားပြီး အများသူငှာ နှင့် မဟာဗျူဟာကျသော အဆောက် အအုံများကိုကာကွယ်ရန်၊ အထူးသဖြင့် လူမှုရေး စည်းမျဉ်းစည်းကမ်းများကို တိုးမြှင့်ဆောင်ရွက်သွားရန် စီစဉ်မည် ဖြစ်သည်။


ထို့ပြင် မြို့အဝင်၊ အထွက် ကန့်သတ်ချက်များကိုလည်း အကောင် အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ပြီး Facebook နှင့် Telegram အပါအဝင် လူမှုကွန်ရက်များကိုလည်း ပိတ်ထားမည်ဖြစ်သည်။


လောင်စာဆီစျေး မြင့်တက်ခြင်း ကြောင့် ဆန္ဒပြမှုများအတွင်း လူ ၁၉၀ ခန့် ဒဏ်ရာရခဲ့ပြီး ၄၀ ဦးကို ဆေးရုံများသို့ ပို့ဆောင်ခဲ့ရကြောင်း  ပြည်သူ့ကျန်းမာရေးဌာနက ထုတ်ပြန် ထားသည်။                            (ref:AP)






အခြားဆက်စပ်သတင်းများ