နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
တရုတ်နိုင်ငံ အကြီးဆုံးကမ်းလွန် ရေနံတွင်း ရေနံစိမ်း တန်ချိန် သန်း ၃၀ ထုတ်လုပ်

ပေကျင်း၊  ဇန်နဝါရီ ၁၁


တရုတ်နိုင်ငံ၏ အကြီးဆုံး ကမ်းလွန် ရေနံတူးဖော်ရေးစက်ရုံသည် ဘိုဟိုင်း ပင်လယ်အော်တွင်တည်ရှိပြီး  ၂၀၂၁ ခုနှစ်အတွင်း ရေနံစိမ်းတန်ချိန်ပေါင်း သန်း ၃၀ အထိထုတ်ယူနိုင်ခဲ့ကြောင်း တရုတ်အမျိုးသား ကမ်းလွန်ရေနံကော်ပို ရေးရှင်းက ဇန်နဝါရီ ၁၁ ရက်တွင် ထုတ် ပြန်သည်။


တရုတ်နိုင်ငံအတွင်း ကမ်းလွန်ရေနံ စိမ်းထုတ်လုပ်မှုသည် နိုင်ငံတွင်း ရေနံ ထုတ်လုပ်မှု၏     ထက်ဝက်ခန့်ကို ကိုယ်စားပြုကြောင်း သိရသည်။ China Media Group ၏ ထုတ်ပြန်ချက်အရ တရုတ်နိုင်ငံအတွင်း ကမ်းလွန်ရေနံ ထုတ်လုပ်မှုသည်  ပြီးခဲ့သည့်နှစ်တွင် တန်ချိန်ပေါင်း ၄၈ ဒသမ ၆၄ သန်းရှိခဲ့ပြီး ယခင်နှစ်ထက်   တိုးတက်မှုတန်ချိန် ပေါင်း ၃ ဒသမ၂၃ သန်းရှိကာ တစ်နိုင်ငံ လုံး ရေနံစိမ်းထုတ်လုပ်မှုထက်တိုးတက် မှု ပမာဏ ရာခိုင်နူန်း ၈၀ ခန့်ကို   ကိုယ် စားပြုကြောင်း သိရသည်။


ကမ်းလွန် ရေနံစိမ်းထုတ်လုပ်မှု သည် တစ်နိုင်ငံလုံး၏ ရေနံစိမ်းထုတ် လုပ်မှုပေါင်း ထက်ဝက်ခန့်ကို ကိုယ်စား ပြုလာသည်မှာ သုံးနှစ်ဆက်တိုက်ရှိပြီ ဖြစ်ပြီး ကမ်းလွန်အခြေစိုက်စီမံကိန်း များသည် တရုတ်နိုင်ငံ၏ ကြီးမားသော ကုန်ထုတ်လုပ်မှုတွင် အရေးပါသော အခန်းကပါဝင်လာကြောင်း သိရသည်။


တရုတ်နိုင်ငံရှိ   ကုမ္ပဏီများသည် ကမ်းလွန်စီမံကိန်းများအတွက် သုံးနှစ် တာအတွင်း      ယွမ် ၅၀ ဘီလီယံခန့် ရင်းနှီးမြှုပ်နှံထားကြောင်း သိရသည်။

(Ref: Reuters)






အခြားဆက်စပ်သတင်းများ