နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဝန်ထမ်းဟောင်းကိုအရွဲ့တိုက်ပြီး အကြွေစေ့နှင့်ပေးချေသည့် အလုပ်ရှင် တရားစွဲခံရ

နယူးယောက်၊  ဇန်နဝါရီ ၁၁ 


အမေရိကန်နိုင်ငံ    ဂျော်ဂျီယာ ပြည်နယ်တွင်ရှိသော A OK Walker အမည်ရှိ  ကားပြင်ဆိုင်တစ်ဆိုင်၏ပိုင် ရှင်သည်   အကြွေစေ့ပေါင်း ၉၁၅၀၀ ကို ဆီလူးကာ ယင်း၏ အလုပ်သမား ဟောင်းတစ်ဦးကို လစာပေးချေခဲ့ခြင်း ကြောင့်    တရားစွဲခံနေရကြောင်း အမေရိကန်  အလုပ်သမားရေးရာဌာနက ပြောကြားသည်။


အဆိုပါအလုပ်ရှင်သည် ယင်း၏ အလုပ်သမားဟောင်း ဖြတ်သွားလေ့ ရှိသော လမ်းပေါ်တွင် အကြွေစေ့များကို ပစ်ချထားသဖြင့် ထိုအကြွေစေ့များနှင့် ဆီကြောင့် ညစ်ညမ်းသွားသောလမ်း ကို ရှင်းလင်းရာ နာရီပေါင်း ၇ နာရီ ခန့် ကြာခဲ့ကြောင်း အမေရိကန် အလုပ် သမားရေးရာဌာနက ပြောသည်။


အဆိုပါ ကားပြင်ဆိုင်တွင် အလုပ် လုပ်ခဲ့သော ယခင်အလုပ်သမားဟောင်း တစ်ဦးသည် နောက်ဆုံးလစာ မရသေး ကြောင်းကို အလုပ်သမားရေးရာဌာနကိုတိုင်ကြားခြင်းအပေါ် မကျေမနပ် ဖြစ်သောကြောင့် ယင်းကဲ့သို့ အကြွေ စေ့ပေါင်း ၉၁၅၀၀ ပြားကို ကျန်ရှိသော လစာပေးချေရန်အတွက် လမ်းပေါ်တွင် ပစ်ချခဲ့ခြင်းဖြစ်ကြောင်း သိရသည်။


A OK Walker ကားပြင်ဆိုင်၏ ပိုင်ရှင်ဖြစ်သည့် မိုင်လ်းဝေါ်ကာကို လစာ ငွေပေးချေရန်ကျန်ရှိမှုကြောင့် တရား စွဲဆိုရန် ပြီးခဲ့သည့်   ဒီဇင်ဘာ ၃၀ ရက်ကတည်းက စတင်အမှုဖွင့်ခဲ့ခြင်း ဖြစ်သည်။                         (Ref:BBC)






အခြားဆက်စပ်သတင်းများ