နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အိန္ဒိယ iPhone စက်ရုံ ဇန်နဝါရီ ၁၂ ရက်တွင် ပြန်လည်ဖွင့်လှစ်မည်

 နယူးဒေလီ၊  ဇန်နဝါရီ ၁၁


Apple ကုမ္ပဏီကို လိုအပ်သော စက်ပစ္စည်းများထောက်ပံ့ပေးနေသည့် Foxconn iPhone  ကုမ္ပဏီသည် ယင်းတို့၏ iPhone ထုတ်လုပ်သည့် စက်ရုံကို အိန္ဒိယနိုင်ငံတောင်ပိုင်းတွင် လာမည့် ဇန်နဝါရီ ၁၂ ရက်၌ ပြန်လည် ဖွင့်လှစ်မည် ဖြစ်သည်။ ယင်းကဲ့သို့ပြန် လည်ဖွင့်လှစ်မည့်အကြောင်းကို အစိုးရ တာဝန်ရှိသူများနှင့်  ဒေသတရားရေး ဆိုင်ရာ တာဝန်ရှိသူများက အတည်ပြု ထားခြင်းဖြစ်သည်။ 


အိန္ဒိယနိုင်ငံ၏ တောင်ပိုင်းပြည်နယ် တစ်ခုဖြစ်သည့် တမီးလ်နာဒူးပြည်နယ်ရှိ Foxconn စက်ရုံသည် အလုပ်သမားများ အစာအဆိပ်သင့်မှု ဖြစ်ပွားခြင်းကြောင့် ဆန္ဒပြမှုများဖြစ်ပေါ်ကာ   ယမန်နှစ် ဒီဇင်ဘာလ ၁၈ ရက်တွင် ခေတ္တပိတ်ခဲ့ ရခြင်းဖြစ်သည်။ 


ယင်းဖြစ်ရပ်များကြောင့်  စံချိန် စံညွှန်းနှင့် ကိုက်ညီမှုမရှိဘဲ အသုံးပြု နေသော စားဖိုဆောင်များကို Apple က  ပြန်လည်ဆန်းစစ်မှုများပြုလုပ်ပေးခဲ့သော်လည်း   ထိုစဉ်က ဒေသတွင်း မီဒီယာများ၏ မေးမြန်းချက်ကိုမူ Apple ကုမ္ပဏီအနေဖြင့် ပြန်လည်ဖြေကြားမှု တစ်စုံတရာပြုလုပ်ခြင်း မရှိကြောင်း သိရသည်။

(Ref: CAN)






အခြားဆက်စပ်သတင်းများ