နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အာဖဂန်ခေါင်းဆောင်များ နိုင်ငံတွင်းသို့ ပြန်လာပါက လုံခြုံရေးအာမခံကြောင်း နိုင်ငံခြားရေးဝန်ကြီး ပြောကြား

ကဘူးလ်၊  ဇန်နဝါရီ ၁၁


အာဖဂန်တော်လှန်ရေး ခေါင်းဆောင် များအနေဖြင့်  နိုင်ငံအတွင်း ပြန်လာပါက ၎င်းတို့၏ လုံခြုံရေးကို အာမခံကြောင်း တာလီဘန်    နိုင်ငံခြားရေးဝန်ကြီးက ဇန်နဝါရီ ၁၀ ရက်တွင် ပြောကြားသည်။ 


အာဖဂန်ခေါင်းဆောင်ဖြစ်သူ မာစွပ် ၏ ပန်ဂျစ်ရှာတောင်ကြားတပ်ဖွဲ့များ သည် တာလီဘန်များ အာဖဂန်နစ္စတန် ကို သိမ်းပိုက်ပြီးနောက် အစိုးရတပ်များ လက်နက်ချလိုက်သော်လည်း သီတင်း ပတ်တစ်ခုအကြာအထိ နောက်ဆုံးခုခံခဲ့ သူများဖြစ်ကာ လက်ရှိတွင် အီရန်၌နိုင်ငံ ရေးခိုလှုံလျက်ရှိသည်။ 


နိုင်ငံပိုင်မီဒီယာတစ်ခု၏ Twitter တွင်တင်ခဲ့သည့်  ဗီဒီယိုတစ်ခုတွင်မူ တာလီဘန် နိုင်ငံခြားရေးဝန်ကြီး အမီ ရီခန်းမူတာချီသည် တာလီဘန်များထံ လက်နက်ချပြီး  နိုင်ငံမှထွက်ခွာသွား သည့် ဟီရတ်ပြည်နယ် စစ်ခေါင်းဆောင် အစ္စမေးလ်ခန်းနှင့် တွေ့ဆုံကာ ယခု ကဲ့သို့ နိုင်ငံအတွင်းပြန်လာရန် ပြော ကြားထားသည်ကို တွေ့ရသည်။


တာလီဘန်များအနေဖြင့် ယင်း တို့၏  ဝန်ကြီးချုပ်မူတာချီကို အီရန် အရာရှိများနှင့် ဆွေးနွေးရန်အတွက် တီဟီရန်သို့  ထွက်ခွာသွားကြောင်း ကြေညာထားသော်လည်း ပြည်ပရောက် ခေါင်းဆောင်များနှင့် တွေ့ဆုံရန် အစီ အစဉ်ကိုမူ ဖော်ပြထားခြင်း မရှိကြောင်း သိရသည်။

(Ref: Reuters)






အခြားဆက်စပ်သတင်းများ