နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ချက်စတာဖီးလ်ကို ဂိုးပြတ်အနိုင်ရပြီး နောက်တစ်ဆင့်တက်ခဲ့သည့် ချယ်လ်ဆီး

ဇန်နဝါရီ  ၉


FA ဖလားတတိယအဆင့် ရှုံး ထွက်ပွဲစဉ်တစ်ပွဲအဖြစ် ချယ်လ် ဆီးအသင်းနှင့် ချက်စတာဖီးလ် အသင်းတို့ ယနေ့ နံနက် အစော ပိုင်းက စတန်းဖို့ဒ်ဘရစ်ချ်ကွင်း ၌ ယှဉ်ပြိုင်ကစားရာ ချယ်လ်ဆီး အသင်းက  ချက်စတာဖီးလ် အသင်းကို ငါးဂိုး၊ တစ်ဂိုးဖြင့် အနိုင်ရရှိသည်။ အဆိုပါ ပွဲစဉ်တွင် ချက်စတာဖီးလ်အသင်းက အဓိက ကစားသမား အစုံအလင် ဖြင့် ပွဲထွက်လာပြီး ချယ်လ်ဆီး အသင်းက အဓိက ကစားသမား အများအပြားနှင့် အရန်ကစား သမားအချို့ကို ထည့်သွင်းကစား ခဲ့သည်။


ချယ်လ်ဆီးအသင်း နည်းပြ တူချယ်လ်က  လူငယ်ကစား သမား လူးဝစ်ဟောလ်ကို ပွဲထုတ် လာခဲ့ပြီး ယင်းက အကောင်းဆုံး ခြေစွမ်းပြသနိုင်ခဲ့သလို ဂိုးဖန်တီး မှုလည်း တစ်ကြိမ်ပြုလုပ်နိုင်ခဲ့ သည်။ ပထမပိုင်းပွဲအစ ၆ မိနစ် တွင် တီမိုဗားနာ၏ သွင်းဂိုးဖြင့် ချယ်လ်ဆီးအသင်း အဖွင့်ဂိုး ရရှိခဲ့သည်။ အဖွင့်ဂိုးရရှိပြီး နောက်ပိုင်း ချယ်လ်ဆီးအသင်း က တရစပ်ဖိအားပေး တိုက်စစ် ဆင်ကစားခဲ့ပြီး ချက်စတာဖီးလ် အသင်းက ချယ်လ်ဆီးအသင်း ၏  တိုက်စစ်ကို  ကာကွယ်ရင်း အချိန်ကုန်နေခဲ့ကာ ဂိုးကန်သွင်း ခွင့်လည်း မရှိသလောက်နည်းပါး ခဲ့သည်။


ချယ်လ်ဆီးအသင်းအတွက် နောက်ထပ်အနိုင်ဂိုးများကို ပွဲချိန် ၁၈ မိနစ်တွင် အိုဒွိုင်း၊ ၂၀ မိနစ်တွင် လူကာကူနှင့် ၃၉ မိနစ်တွင် ခရစ္စတင်ဆန်တို့က သွင်းယူပေးခဲ့ပြီး ပထမပိုင်းတွင် လေးဂိုး၊ ဂိုးမရှိဖြင့် ချယ်လ်ဆီး အသင်းကပွဲကို ဦးဆောင်ထား သည်။


ဒုတိယပိုင်းတွင်လည်း ချယ်လ်ဆီးအသင်းက ဘောလုံး ပိုင်ဆိုင်မှုအသာ၊ ကစားကွက် အသာဖြင့် ပွဲကိုထိန်းချုပ်ကစား သွားပြီး ပွဲချိန် ၅၅ မိနစ်တွင် ပင်နယ်တီရရှိကာ ဇီးယက်ဇ်က အမှားအယွင်းမရှိ သွင်းယူပေးပြီး ချက်စတာဖီးလ်အသင်းအတွက် တစ်လုံးတည်းသော အနိုင်ဂိုးကို ပွဲချိန် ၈၀ မိနစ်တွင် အဆန်တီက သွင်းယူပေးခြင်းဖြစ်သည်။လက် ကျန်မိနစ်များတွင် နှစ်သင်း စလုံး ထပ်မံဂိုးသွင်းယူနိုင်ခြင်းမရှိဘဲ ပွဲပြီးဆုံးခဲ့ကာ ချယ်လ်ဆီး အသင်းက ချက်စတာဖီးလ် အသင်းကို ဂိုးပြတ်အနိုင်ရပြီး နောက်တစ်ဆင့်ကို တက်လှမ်း  နိုင်သည်။                      (သူရိန်)






အခြားဆက်စပ်သတင်းများ