နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
တိုက်စစ်မှူး အန်တိုနီယို ကို ဝက်စ်ဟမ်းအသင်း စာချုပ်သစ် ချုပ်ဆို

ဇန်နဝါရီ  ၉


ဝက်စ်ဟမ်းအသင်း သည် တိုက်စစ်မှူး  အန်တိုနီယို ကို ၂၀၂၅ ခုနှစ်ထိ သက်တမ်းရှိသည့် စာချုပ်သစ်တစ်ရပ်ကို ချုပ်ဆို ကြောင်း သိရသည်။


ယင်း၏ စာချုပ်သက်တမ်း ကုန်ဆုံးရန်   တစ်နှစ်ကျော်လို သေးသော်လည်း ၂၀၂၅ ခုနှစ် ထိ သက်တမ်းတိုး စာချုပ်ချုပ် ဆိုခြင်းဖြစ်သည်။


အန်တိုနီယိုသည် ပြီးခဲ့သည့် ဘောလုံးရာသီကလည်း အသင်း ကို ယူရိုပါလိဂ် ဝင်ခွင့်ရရှိရန် ကူညီနိုင်ခဲ့သလို ယခုနှစ်ဘောလုံး ရာသီတွင်လည်း  ခြေစွမ်းပြ ကစားနေသူဖြစ်သည်။


လက်ရှိတွင် သက်တမ်းတိုး စာချုပ်တွင် လက်မှတ်ရေးထိုးပြီး လုပ်ခလစာနှင့်ပတ်သက်၍ ထုတ်ပြန်ကြေညာခြင်း မရှိသေး သော်လည်း ယခုရရှိနေသည့် လစာထက် ပိုမိုရရှိနိုင်ဖွယ်ရှိ သည်။


အန်တိုနီယိုသည် ဝက်စ်ဟမ်း အသင်းတွင် ပြိုင်ပွဲစုံ ၂၀၃ ပွဲ ပါဝင်ကစားထားပြီး သွင်းဂိုး ၅၇ ဂိုး သွင်းယူနိုင်ကာ အသင်း ၏ အဓိက ကစားသမားတစ်ဦး အဖြစ် ပွဲထွက်ခွင့်ရရှိနေသူဖြစ် သည်။                            (သူရိန်)






အခြားဆက်စပ်သတင်းများ