နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ကုန်သွယ်ရေး ရေထွက်ကုန်ပစ္စည်း တိုးမြှင့်တင်ပို့နိုင်

ရန်ကုန်၊ ဇန်နဝါရီ ၉ 

 

မြန်မာ - ဘင်္ဂလားဒေ့ရှ် နယ်စပ်ကုန်သွယ်ရေးတွင် ယခင် ဘဏ္ဍာနှစ် ကိုးလခန့် ရေထွက် ကုန်ပစ္စည်းများ ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့တင်ပိုခဲ့ရာမှ အမေရိကန် ဒေါ်လာ ၄ ဒသမ ၇၇ သန်းသာ ရရှိခဲ့သော်လည်း ယခုနှစ်တွင် နှစ်လခွဲကျော် အတွင်း အမေ ရိကန်ဒေါ်လာ ခြောက်သန်း ကျော် တိုးမြှင့်ရရှိသည်။


မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ် စပ်ကုန်သွယ်ရေးကို စစ်တွေနှင့် မောင်တောစခန်းများက ဆောင် ရွက်နေပြီး ကိုဗစ်-၁၉ ရောဂါဖြစ် ပွားမှုကြောင့် နယ်စပ်ကုန်သွယ် ရေးလုပ်ငန်းများကို ယာယီပိတ် သိမ်းထားသော်လည်း ၂၀၂၁ ခုနှစ် အောက်တိုဘာလ ၁၄ ရက် တွင် ပြန်လည်ဖွင့်လှစ်သည်။


ထိုသို့ဖွင့်လှစ်ပြီး  ရေချို ငါးတင်ပို့မှုကို    စစ်တွေဆိပ် ကမ်းက FOB စနစ်ဖြင့် ဘင်္ဂလား ဒေ့င်္ရှနိုင်ငံ        တက္ကနက်ဖ် (နတ်တောင်)  ဆိပ်ကမ်းသို့ တိုက်ရိုက်တင်ပို့ ရောင်းချခြင်း ဖြစ်ပြီး ၂၀၂၁ ခုနှစ် အောက်တို ဘာလလယ်မှ ဒီဇင်ဘာလကုန် ပိုင်းထိ ရေချိုငါးနှင့်ငါးခြောက် မျိုးစုံကုန်ချိန် ၅၅၄၇ ဒသမ ၅၇၅၊ အမေရိကန်ဒေါ်လာ ၆၆၇၇၀၂၉ ဒသမ ၆၀ ကိုတင်ပို့နိုင်ခဲ့သည်။ 


ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ရေချို ငါးတင်ပို့မှုမှာ အများဆုံးဖြစ်ပြီး ငါးမြစ်ချင်း၊ ငါးခေါင်းပွများကို အများဆုံးတင်ပို့ရာ ငါးမြစ်ချင်း တင်ပို့မှုမှာ ၇၅ ရာခိုင်နှုန်း ရှိကြောင်း  သိရသည်။


 ရေထွက်ကုန်ပစ္စည်းတွင် ရေငန် ပုစွန်ကျား၊ ငါးနီတူခြောက်၊ ငါးစုံကလေးခြောက် စသည် များကိုလည်း တင်ပို့လျက်ရှိပြီး၊ ငါးမြစ်ချင်းနှင့် ငါးခေါင်းပွငါး များမှာ ရန်ကုန်တိုင်း၊ ပဲခူးတိုင်းနှင့်ဧရာဝတီတိုင်းဒေသကြီးများရှိ ငါးမွေးကန်များက ငါးများဖြစ် ကြောင်းသိရသည်။


“ ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ ငါး မြစ်ချင်းဈေးကွက်မှာ မြန်မာ ငါးမြစ်ချင်းတွေဟာ  အိန္ဒိယ ငါးမြစ်ချင်းတွေနဲ့ ယှဉ်ပြိုင်ရောင်း ချနေရပါတယ်။မြန်မာငါးမြစ် ချင်းတွေကို ငါးမွေးကန်တွေက တစ်ဆင့်ရန်ကုန်ကိုပို့၊ ရန်ကုန် ကတစ်ဆင့်   စက်လှေတွေနဲ့ စစ်တွေကိုပို့၊စစ်တွေမှာ အစစ် ဆေးခံသတင်းပို့ပြီးမှ ဘင်္ဂလား ဒေ့ရှ်နိုင်ငံကို သွားရောင်းရတယ်။ ကြာမြင့်ချိန်က ဘင်္ဂလားဒေ့ရှ် ဈေးကွက်အရောက် ခုနစ်ရက် လောက်ရှိတော့    ဈေးကွက် ရောက်ချိန်မှာ အရည်အသွေးကျဆင်းမှုတွေနဲ့ကြုံရပါတယ်။ဒါကြောင့် ဈေးကွက်မှာ အိန္ဒိယငါးမြစ်ချင်းတွေနဲ့ဈေးပြိုင်ရင်ဈေးနှိမ်တာ ခံရတတ်ပါတယ်" ဟု  ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ရေထွက်ကုန်ပစ္စည်းတင်ပို့သူ ကုန်သည်တစ်ဦးက ပြောသည်။  ၎င်းက  ဆက်လက်၍  “ရခိုင် ပြည်နယ်မှာ   ရေချိုငါးမွေးမြူရေး လုပ်ငန်းတွေကို   လုပ်ကိုင်ဖို့ လိုအပ်လာပါပြီ။ အထူးသဖြင့် နိုင်ငံခြားဈေးကွက်ဝင်ငါးတွေ ပေါ့။ ကျောက်တော်ဘက်မှာတော့ ပုဂ္ဂလိကတွေက ငါးပြေမလို ငါးတွေမွေးမြူနေတာ အောင်မြင် ဖြစ်ထွန်းနေတယ်လို့  သိရပါ တယ်“ ဟု ပြောသည်။


ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့တင် ပို့ရာတွင် ဌာနအတွက် စက်လှေ ၏ကုန်တန်ချိန်တစ်တန်လျှင် အမေရိကန် ဒေါ်လာ ၅ ဒေါ်လာနှင့် စက်လှေမှတ်ပုံတင်ကြေး ဒေါ်   လာ ၅၀ စီ ပေးသွင်းရကြောင်း သိရသည်။ 


ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ရေ ထွက်ကုန်ပစ္စည်းများအပြင် ကြက်သွန်နီ၊ထန်းလျက်၊ချင်း၊ ဆီးသီးထုဖတ်၊ဆီးယိုစို၊ မန် ကျည်းသီး၊  မန်ကျည်းစေ့များ တင်ပို့လျက်ရှိကြောင်း သိရသည်။


ရေထွက်ပစ္စည်းတင်ပို့ရာ၌ ရေငန်ပုစွန်များကိုဘင်္ဂလား ဒေ့ရှ်နိုင်ငံရှိစက်ရုံများတွင် ကုန် ချောထုတ်လုပ်၍ တတိယနိုင်ငံ များသို့ တင်ပို့ရောင်းချလျက် ရှိသည်။

        သတင်းထောက် ကောင်း






အခြားဆက်စပ်သတင်းများ