နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဖုန်းဆော့ဖ်ဝဲလ်ဖြင့် အရောင်ပြောင်းနိုင်သော BMW ကား လတ်စ်ဗေးဂက်စ်တွင် မိတ်ဆက်

ဘာလင်   ဇန်နဝါရီ    ၉


ဂျာမနီနိုင်ငံ၏ ကားကုမ္ပဏီကြီး တစ်ခုဖြစ်သည့် BMW သည် ဖုန်းအတွင်းရှိ ဆော့ဖ်ဝဲလ်ဖြင့် အရောင် ပြောင်းနိုင်သော ကမ္ဘာ့ပထမဆုံး ကားကို လတ်စ်ဗေးဂတ်စ်တွင် ကျင်းပ သော စားသုံးသူများ လျှပ်စစ်ပစ္စည်း များပြပွဲတွင် စတင်မိတ်ဆက်လိုက်ပြီ ဖြစ်သည်။ 


အဆိုပါကားကို BMW iX Flow ဟု အမည်ပေးထားပြီး ကားအတွင်းရှိ အရောင်များကို ခဲရောင်မှ အဖြူရောင် အဖြစ် ပြောင်းလဲပေးနိုင်သည့်အပြင် e-readers လျှပ်စစ်စာအုပ်များတွင် တွေ့ရသော လျှပ်စစ်မင်နည်းစနစ်ကို ကားတွင် အသုံးပြုထားခြင်းဖြစ်သည်။ 


လျှပ်စစ်မင်များကို အသုံးပြုခြင်း ဖြင့် စွမ်းအင်ခြွေတာနိုင်သော အရောင် ပြောင်းမှုကိုဖြစ်ပေါ်စေပြီး ယင်းကို 3D နည်းပညာအသုံးပြုကာ တီထွင်ခဲ့ခြင်း ဖြစ်ကြောင်း သုတေသနအင်ဂျင်နီယာ တစ်ဦးဖြစ်သည့် စတယ်လာခလတ်ခ် ဆိုသူက ပြောသည်။ 


ဖုန်းဆော့ဝဲလ်ကို အသုံးပြုပြီး လျှပ်စစ်အချက်ပြစနစ်များကို နိုးဆွ ကာ ကားအရောင်ကို ပြောင်းစေခြင်း ဖြင့် ကား၏မျက်နှာပြင်တွင် အရောင် မျိုးစုံဖြစ်ပေါ်စေပြီး ကား၏အရောင် သာမက ဒီဇိုင်းများကိုလည်း ပြောင်းလဲ စေသည်။ 


BMW ကုမ္ပဏီအနေဖြင့် အနာဂတ် တွင် ကားများ၏ ထိန်းချုပ်ရေးစနစ်ကို ကားအတွင်းပိုင်းတွင်သာ ထားရှိမည် ဖြစ်ပြီး လက်ဟန်ပြရုံဖြင့်လည်း အရောင်ပြောင်း နိုင်မည်ဖြစ်ကြောင်း  စတယ်လာခလတ်ခ်က ပြောကြား သည်။

(Ref: Reuters)






အခြားဆက်စပ်သတင်းများ