နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ယူကရိန်းအရေး ဥရောပသမဂ္ဂကို ကျော်လွှားရန် ရုရှားသမ္မတ ကြိုးပမ်း၍ ပြင်သစ်က အပြစ်တင်

ပဲရစ်စ်  ဇန်နဝါရီ    ၉


ယူကရိန်းပြဿနာနှင့် ပတ်သက်ပြီး ရုရှားသည် အမေရိကန်ပြည်ထောင်စု နှင့် တိုက်ရိုက်ဆွေးနွေးခြင်းဖြင့် ဥရောပသမဂ္ဂကို ကျော်လွှားရန် ကြိုးစားနေကြောင်း ပြင်သစ်နိုင်ငံခြား ရေးဝန်ကြီးက ဇန်နဝါရီ ၈ ရက်တွင် ပြောကြားသည်။


ရုရှားအနေဖြင့် အိမ်နီးချင်း ယူကရိန်းနယ်စပ်တွင် စစ်အင်အား အလုံးအရင်းချထားသဖြင့်  ဖြစ်ပေါ်လာ သော တင်းမာမှုများအတွက် အမေရိကန် နှင့် ရုရှားသံတမန်များအကြားဆွေးနွေး ပွဲများကို လာမည့်ဇန်နဝါရီ ၁၀ ရက်တွင် ပြုလုပ်ရန်စီစဉ်ထားပြီး အကျပ်အတည်းကို ရှောင်လွှဲရန် ကြိုးစားလျက်ရှိကြောင်း ပြင်သစ် နိုင်ငံခြားရေးဝန်ကြီး ယန်ဗက်စ်လီဒရီ ယန်က ပြောသည်။ 


ရုရှားသမ္မတ  ဗလာဒီမာပူတင်အနေ ဖြင့် ဥရောပသမဂ္ဂကိုကျော်ကာ အမေရိကန်နှင့်သာ ဆွေးနွေးရန် ပြင်ဆင်နေခြင်းသည် ဥရောပသမဂ္ဂ၏ တောင့်တင်းခိုင်မာနေသည့် ညီညွတ်ရေး ကိုအဖုအထစ်ဖြစ်စေရန် လုပ်ဆောင် နေခြင်းသာဖြစ်သည်ဟု ပြင်သစ် နိုင်ငံခြားရေးဝန်ကြီး ယန်ဗက်စ်လီ ဒရီယန်က BFM ရုပ်သံနှင့်  RMC ရေဒီယိုတို့မှ မေးမြန်းချက်တွင် ပြောကြားထားသည်။ ပြင်သစ်သမ္မတ အီမန်နူရယ် မက်ခရွန်အနေဖြင့် ယူကရိန်းအပါအဝင် အကြောင်းအရာ များကိုဆွေးနွေးရန် သမ္မတပူတင်နှင့် ဆွေးနွေးပွဲများကို စီစဉ်ထားကြောင်း မကြာသေးမီကပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတစ်ခုတွင် ပြောထားသော် လည်း ထိုဆွေးနွေးပွဲများကို မည်သည့် အချိန်တွင် ကျင်းပမည်ဆိုသည်ကိုမူ အတိအကျပြောကြားခဲ့ခြင်းမရှိကြောင်း သိရသည်။                   (Ref:Reuters)






အခြားဆက်စပ်သတင်းများ