နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
သုံးခွမြို့နယ် ညောင်နီကျေးရွာတွင် လယ်ယာကုန်ထုတ်ဂဝံလမ်း၊ တံတားနှင့် Box Culvert တည်ဆောက်နေမှု ကွင်းဆင်းစစ်ဆေး

ရန်ကုန်    ဇန်နဝါရီ    ၉


သုံးခွမြို့နယ်တွင် ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် ခြောက်လတာ ကာလ အောက်တိုဘာလမှ မတ်လ တိုင်းဒေသကြီး ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခွင့်ပြုရန်ပုံငွေကျပ် ၁၃၁၇ ဒသမ ၈၅ သိန်းဖြင့် ညောင်နီကျေးရွာ၊ မြောက်အခိုင်ကွင်း၌ တင်ဒါအောင်  Kyaw Than Zay ကုမ္ပဏီက အရှည် ပေ ၂၀၅၀  ၊ အကျယ် ၁၂ ပေ၊ ထု ၉ လက်မ၊ လယ်ယာကုန်ထုတ်ဂဝံလမ်း၊ အရှည် ပေ၄၀ အကျယ် ၁၄ပေ တံတားတစ်စင်းနှင့် Box Culvert သုံးစင်း တည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိသည်။


အဆိုပါလုပ်ငန်းခွင်သို့ ရန်ကုန်တိုင်းဒေသကြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး (အင်ဂျင်နီယာ)ဦးဝင်းမြင့်ဟန်၊ မြို့နယ်ကျေးလက်ဦးစီးမှူးနှင့်တာဝန်ခံအင်ဂျင်နီယာတို့က ဇန်နဝါရီ ၇ ရက် မွန်းလွဲ ၁ နာရီတွင် ကွင်းဆင်းကြည့်ရှုစစ်ဆေးကာ လုပ်ငန်းများ စံချိန်စံညွှန်းပြည့်မီ စေရေး၊ သတ်မှတ်ရက်ပြီးစီးစေရေးနှင့် လိုအပ်ချက်များကို တာဝန်ရှိ သူများအား မှာကြားသည်။

ကိုကျော်(သုံးခွ)






အခြားဆက်စပ်သတင်းများ