နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရန်ကုန် - မန္တလေးအမြန်လမ်းမကြီးပေါ် ယာဉ်တိမ်းမှောက်မှုဖြစ်ပွား

ရန်ကုန်၊ ဒီဇင်ဘာ ၂၇


ဒီဇင်ဘာ ၂၅ ရက်၊ ၁၄:၁၅  နာရီ ခန့်က၊   ရန်ကုန်-မန္တလေး အမြန် လမ်းမကြီး၊  မိုင်တိုင်အမှတ် (၁၇၈/၄)နှင့် (၁၇၈/၅) အကြားတွင်  Pajero အမျိုးအစား(အဖြူရောင်)ယာဉ်သည် အရှိန် မထိန်းနိုင်ဘဲ တိမ်းမှောက် မှုဖြစ်ပွားရာ သာဂရ အမြန်လမ်းမီးသတ် စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များကသွားရောက်ကူညီ ဆောင်ရွက်ခဲ့သည် ။


ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ် ပေါ်ပါ   ကျားလေးဦး၊ မလေးဦး၊ ကလေးငါးဦး စုစုပေါင်း ၁၃ ဦးအနက် ကျားတစ်ဦး၊ မတစ်ဦး၊ ကလေးငယ် ကျားတစ်ဦး(သေဆုံး)တို့အား ဆွာနိဗ္ဗာန် ယာဉ်ဖြင့် ဆွာတိုက်နယ်ဆေးရုံသို့ပို့ ဆောင်ပေးခဲ့ပြီး၊ ထိခိုက်ဒဏ်ရာရရှိသူ ခုနစ်ဦး(မစိုးရိမ်ရ)နှင့်  နှစ်ဦး(စိုးရိမ်ရ) စုစု ပေါင်းကိုးဦးတို့အား  သာဂရ RESCUE AMBULANCE ယာဉ်နှင့် သာဂရ အမြန် လမ်း ရဲတပ်ဖွဲ့အပိုင်ယာဉ်တို့ဖြင့် နေပြည် တော်ခုတင် ၁၀၀၀ဆေးရုံသို့ ပို့ဆောင် ပေးခဲ့ကြောင်းသိရသည် ။

အောင်သူရ






အခြားဆက်စပ်သတင်းများ