နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
လုံခြုံရေးတပ်ဖွဲ့ဝင်များကို အကြမ်းဖက်သမားများက ပစ်ခတ်

ရန်ကုန်  ဒီဇင်ဘာ  ၂၄


စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေး မြို့နယ်၊ နတ်ချောင်းကျေးရွာအတွင်း ဒေသခံပြည်သူများ၏ လုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းစွာ နေထိုင်နိုင်ရေး တို့အတွက် လုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် တပ်ဖွဲ့ဝင်များ ကို CNF အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်သမားများက ယမန်နေ့ နံနက်ပိုင်းတွင် လာရောက်တိုက်ခိုက် သည်။


ဖြစ်စဉ်မှာ စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်၊ နတ်ချောင်းကျေးရွာ ၌ ပြည်သူများ၏ လုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းစွာ နေထိုင်နိုင်ရေး တို့အတွက် လုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် တပ်ဖွဲ့ဝင်များ အား ဒီဇင်ဘာ ၂၃ ရက်၊ နံနက်ပိုင်းက CNF အဖွဲ့နှင့် PDF အမည်ခံ အကြမ်း ဖက်သမား အင်အား ၃၀၀ ခန့်က လက်နက်ကြီးလက်နက်ငယ်များဖြင့် လာရောက် တိုက်ခိုက်သဖြင့် လုံခြုံရေး တပ်ဖွဲ့ဝင်များက ပြန်လည်ခုခံရာ အကြမ်းဖက်သမားများသည် ရွာ၏ အနောက်ဘက်သို့ ဆုတ်ခွာထွက်ပြေး သွားသည်။


ဖြစ်စဉ်တွင် အကြမ်းဖက်သမား များထံမှ အလောင်းကိုးလောင်း၊ အာပီဂျီ တစ်လက်(ပျက်စီး)၊ လက်လုပ် မိုင်း တစ်လုံး၊ လျှပ်စစ်ဒီတိုနေတာ ၂၅၀ ခု၊ မီးရှို့စနက်တံ ၄၀၀ ခု၊ ယမ်းကြိုး (မီတာ ၅၀ ပါ) လေးခွေတို့အား သိမ်းဆည်းရမိသည်။                ဆွေဦး






အခြားဆက်စပ်သတင်းများ