နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ယူကရိန်းပြဿနာ အပြစ်တင်ခြင်းသည် အမှန်တရားကို သရုပ်ဖျက်ခြင်းဖြစ်ကြောင်း ရုရှားပြော

တီဟီရန်    ဒီဇင်ဘာ   ၂၄


ယူကရိန်းတွင် တင်းမာမှုမြင့်မား လာခြင်းအတွက် ရုရှားကို အပြစ်တင် ခြင်းဖြင့် အမှန်တရားကိုသရုပ်မဖျက်ရန် ဝါရှင်တန်ရှိ ရုရှားသံရုံးက အမေရိကန်ပြည်ထောင်စုကို တောင်း ဆိုလိုက်သည်။ 


ဝါရှင်တန်အနေဖြင့် မြောက် အတ္တလန်တိတ်စာချုပ် အဖွဲ့ဝင်နိုင်ငံ များတိုးချဲ့ခြင်းကို မလုပ်သင့်သည့် အပြင် ဆိုဗီယက်ယူနီယံနိုင်ငံဟောင်း တစ်ခုကို အဖွဲ့ဝင်ခွင့်မပေးသင့်ကြောင်း၊ အခြေခံအဆောက်အအုံများကို စစ်ရေး အတွက် မသုံးသင့်သည့်အပြင် စစ်ရေး ပူးပေါင်းဆောင်ရွက်မှုကိုလည်း မလုပ် သင့်ကြောင်း ရုရှားက ဆိုသည်။ 


ယင်းသို့ ရုရှား၏ ပြောကြားချက် များအတိုင်းလုပ်ဆောင်ပါက အန္တရာယ် များသည့် တင်းမာမှုများလျှော့ကျသွား မည်ဟု ယုံကြည်ကြောင်း ရုရှားသံရုံးက ထုတ်ပြန်ချက် ရေးသားထားသည်။ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူ နက်ဒ်ပရိုက်စ်ကမူ ရုရှား နှင့် ယင်း၏မဟာမိတ်များသည် ယူကရိန်းတင်းမာမှုအတွက် အဓိက ပတ်သက်သူများဖြစ်ကြောင်း ပြောကြား ပြီးနောက် ဝါရှင်တန်ရှိ ရုရှားသံရုံးက အထက်ပါအတိုင်း စာထုတ်ပြန်ရေးသား လာခြင်းဖြစ်သည်။    

   (Ref: Reuters)






အခြားဆက်စပ်သတင်းများ