နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
တရုတ်နိုင်ငံ အအေးလှိုင်း အပြာရောင်သတိပေးချက် သက်တမ်းတိုး ယာဉ်ထိန်းရဲနှင့် ရဲတပ်ဖွဲ့ဝင်များ ကြိုတင်ပြင်ဆင်ထား

ပေကျင်း  ဒီဇင်ဘာ   ၂၄


တရုတ်နိုင်ငံတွင် အအေးလှိုင်း အတွက် အပြာရောင်သတိပေးချက်ကို သက်တမ်းတိုးထုတ်ပြန်လိုက်ပြီး နိုင်ငံ အနှံ့အပြားတွင် အပူချိန်ကျဆင်းကာ အအေးလှိုင်း ဖြတ်နိုင်ကြောင်း မိုးလေဝသဌာနက ဒီဇင်ဘာ ၂၄ ရက် တွင် ပြောကြားသည်။ ဒီဇင်ဘာ ၂၃ ရက်မှ ဒီဇင်ဘာ ၂၆ ရက်အထိ  တရုတ်နိုင်ငံအလယ်ပိုင်းနှင့် အရှေ့ပိုင်း တို့တွင် အပူချိန် ၆ ဒီဂရီဆဲလ်               စီးယက်စ်မှ ၁၀ ဒီဂရီဆဲလ်စီးယက်စ် အထိ ကျဆင်းနိုင်သည်ဟု အမျိုးသား မိုးလေဝသစင်တာက ကြေညာထား သည်။ 


အချို့ နေရာများတွင် အပူချိန် ၁၄ ဒီဂရီ ဒီဂရီဆဲလ်စီးယက်စ်အောက်ထိ ကျဆင်းသွားနိုင်သဖြင့် ပြည်သူများ အနေဖြင့် ချမ်းအေးသော ရာသီဥတု နှင့် လေပြင်းတိုက်ခတ်ခြင်းတို့ကို သတိပြုကြရန် မိုးလေဝသစင်တာက အကြံပြုထားပြီး  ရေခဲခြင်းကြောင့် လမ်းပိတ်ဆို့မှုများ ဖြစ်နိုင်သည့် အခြေအနေများအတွက် ယာဉ်ထိန်းရဲ နှင့်ရဲတပ်ဖွဲ့ဝင်များအား ကြိုတင် ပြင်ဆင်ထားရန် အကြံပြုထားသည်။ 


တရုတ်နိုင်ငံတွင် အရောင်လေးဆင့် မိုးလေဝသ သတိပေးစနစ်ရှိပြီး အပြင်း ထန်ဆုံးရာသီဥတုကို ကိုယ်စားပြုသည့် အနီရောင်၏နောက်တွင် လိမ္မော်ရောင်၊ အဝါရောင်နှင့် အပြာရောင်စသည်ဖြင့် အသီးသီးရှိသည်။

 (ref:BBC)






အခြားဆက်စပ်သတင်းများ