နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
တရုတ်တွင် ကိုဗစ်ကူးစက်မှုသစ် ၁၂၇ ခုတွေ့ လူ ၁၃ သန်းကို လော့ဒေါင်းချထား

ပေကျင်း   ဒီဇင်ဘာ   ၂၄


တရုတ်နိုင်ငံတွင် ဒုတိယအကြိမ် အဖြစ် လူအများအပြားကို စစ်ဆေးရာ တွင် ကိုဗစ်ကူးစက်မှုသစ် ၁၂၇ ခုတွေ့ရှိ သောကြောင့် ကူးစက်မှုတိုက်ဖျက်ရန် အတွက် တရုတ်နိုင်ငံ ရှီအန်းမြို့တွင် လူပေါင်း ၁၃ သန်းကို တရုတ် အာဏာပိုင်များက လော့ဒေါင်းချ ပိတ်ဆို့ထားလိုက်ပြီဖြစ်သည်။ 


တရုတ်နိုင်ငံတွင် ဆောင်းရာသီ အိုလံပစ်ပွဲတော်ကို အိမ်ရှင်အဖြစ် ကျင်းပရန် တစ်လကျော်အလိုဒီဇင်ဘာ ၂၄ ရက်တွင် ယခုကဲ့သို့ လော့ဒေါင်းချ ပိတ်ဆို့လိုက်ခြင်း ဖြစ်သည်။ လိုအပ် သည့်ပစ္စည်းများဝယ်ရန် တစ်ရက်ခြား တစ်ခါအပြင် ထွက်ခွင့်သာပေးပြီး ကျန်သူများအားလုံး နေအိမ်ပြင်ပထွက် ခြင်းကို ပိတ်ပင်ထားကာ အရေးပေါ် ကိစ္စများအတွက်မူ အပြင်ထွက်ခွင့်ပြု ထားသည်။  


ထို့ပြင် မြို့သို့လာရောက်ခြင်းနှင့် မြို့မှထွက်ခွာခြင်းကိုလည်း ပိတ်ပင် ထားပြီး အရေးမကြီးသော စီးပွားရေး လုပ်ငန်းများအားလုံးကို ဆိုင်းငံ့ထား သည်။ 


ရောဂါကူးစက်မှုသည် ကမ္ဘာ ကျော် တာရာကောတာစစ်သည်တော် ရုပ်များရှိရာ ရှီအန်းရှိခရိုင် ၁၄ ခုသို့ ပျံ့နှံ့နေပြီး ရပ်ရွာအတွင်း ကူးစက်မှု သည် ကနဦးဒေသတက္ကသိုလ်တခုတွင် တွေ့ခဲ့ပြီးနောက် ကြီးထွားလာခြင်း ဖြစ်သည်။ 


 (ref:Reuters)






အခြားဆက်စပ်သတင်းများ