နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
တောင်ဥက္ကလာပရဲစခန်း ဗုံးပစ်လောင်ချာဖြင့် ပစ်ခတ်သူများ ဖမ်းဆီးရမိ

ရန်ကုန်၊ ဒီဇင်ဘာ ၂၃


ရန်ကုန်တိုင်းဒေသကြီး၊  တောင်ဥက္ကလာ ပမြို့မရဲစခန်းအနီးသို့ အကြမ်းဖက်သူများ က ယာဉ်အမှတ်(စိစစ်ဆဲ) Light Truck အဖြူရောင် ယာဉ်ဖြင့် ရောက်ရှိလာကာ ဒီဇင်ဘာ ၉ ရက် ညနေပိုင်းတွင် သစ္စာလမ်း ဘက်မှနေ၍ ၄၀ မမ ဗုံးပစ်လောင်ချာဖြင့် ချောင်းမြောင်းပစ်ခတ်သဖြင့် ဗုံးသီးတစ် လုံးမှာ ရဲစခန်းနှင့် ပေ ၄၀ ခန့်အကွာ သစ္စာ လမ်းဘက်ရှိ မိသားစုနေအိမ်လိုင်းခန်းအနီး ကားပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့သည်။


၎င်းဖြစ်စဉ်နှင့်ပတ်သက်၍ လုံခြုံရေး တပ်ဖွဲ့ဝင်များက ပစ်ခတ်တိုက်ခိုက်မှုကျူး လွန်သူများ အသုံးပြုခဲ့သည့် မော်တော်ယာဉ် အားစုံစမ်းရာ အဆိုပါယာဉ်မှာ ပစ်ခတ်တိုက် ခိုက်သည့်နေ့တွင်  မောင်းနှင်အသုံးပြုခဲ့သူ များဖြစ်သည့်  ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ်၊ ၄၅ ရပ်ကွက်၊ ကြေးတိုင်လမ်း၊ အမှတ် ၂၈ နေ မျိုးမြင့် မြတ်အောင်(ခ) မျိုးကြီး ၂၁ နှစ်နှင့် သင်္ဃန်းကျွန်းမြို့နယ်၊ စံပြရပ်ကွက်၊ စံပြ ၁ လမ်း၊ အမှတ် ၃၇၁ နေ ဝေယံထက် (ခ)နိုင်ကြီး  ၂၀ နှစ်တို့ နှစ်ဦးကို ဒီဇင်ဘာ ၁၆ ရက် နေ့လယ်ပိုင်းတွင် ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်၊ အမှတ် ၄၅ ရပ်ကွက်၊ မဟာလမ်း ပေါ်၌ ဖြစ်စဉ်ပါယာဉ်နှင့်အတူ ဖမ်းဆီးရမိသည်။


ယင်းတို့၏ ထွက်ဆိုချက်များအရရဲစခန်း အား ပစ်ခတ်တိုက်ခိုက်ရာတွင် ၎င်းတို့ ကိုယ်တိုင်  ပါဝင်ကျူးလွန်ပြီး ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ်၊  ၄၀ ရပ်ကွက်၊ ဗိုလ်တေဇလမ်း၊ အမှတ်(၉၉)နေဖမ်းဆီး ရန်ကျန် တရားခံဝင်းဇော်မိုး(ခ)မိုးဟိန်း(ခ) Brain Wave ၏ နေအိမ်၌ တိုက်ခိုက်မှု ကျူးလွန်ရာတွင်အသုံးပြုသည့် လက်နက် ခဲယမ်းများ သိမ်းဆည်းထားကြောင်းသိရ သဖြင့် သွားရောက်ရှာဖွေရာ ဝင်းဇော်မိုး (ခ)မိုးဟိန်း(ခ)Brain Wave သည် ထွက်ပြေး တိမ်းရှောင်လျက်ရှိပြီး ၎င်း၏ မိဘများ ဖြစ်သည့် သူရ(ခ)ကျော်မင်းမင်းကို  ၄၇ နှစ်နှင့် မိုးမိုးခိုင်(ခ)မြဝင်းကြည် ၅၁ နှစ်တို့ နှစ်ဦးကို MK-12 သေနတ်နှစ်လက်၊ ၎င်းကျည် ၁၁၀ တောင့်၊ SIG SAUER ပစ္စတိုတစ်လက်၊ 9MM LUGER ကျည် ၂၅၅ တောင့်၊ ၄၀ မမဗုံးသီးငါးလုံး၊ ကျည်အိမ်မျိုးစုံခြောက်ခု၊ ဒူးကာသုံးစုံ၊ ဖောက်ခွဲ ရေးတွင် တွဲဖက်အသုံးပြုသည့် Keypad ဖုန်းမျိုးစုံ ၂၀ လုံး၊  ဓာတ်ခဲမျိုးစုံ ၃၀ လုံး၊ လက်လုပ်ဗုံးဆင်သည့် ဆားကစ်(စ်)ပြား ၅၀ ခု၊ 3D GUN Printer  တစ်လုံးနှင့် 3D GUN Printer ဆေးကြိုးခွေ ၁၀ ခွေ၊ Laptop တစ်လုံး၊ မှန်ပြောင်းတစ်လက်၊ မော်တာတစ်လုံး၊ ငွေသိန်း ၁၀၀ ကျပ်၊ ဓာတ်ငွေ့ကာတစ်ခုတို့နှင့်အတူ ထပ်မံ ဖမ်းဆီးရမိလိုက်သည်။


ဖမ်းဆီးရမိတရားခံ မျိုးမြင့်မြတ်အောင် (ခ)မျိုးကြီးနှင့် ဝေယံထက်(ခ)နိုင်ကြီးတို့၏ ထွက်ဆိုချက်အရ ရဲစခန်းအား ပစ်ခတ်ရာ တွင်ပါဝင်ခဲ့သူ မြောက်ဥက္ကလာပမြို့နယ်၊ ၆ ရပ်ကွက်၊ ပိတောက်လမ်း၊ အမှတ် ၄၁ နေ ဆက်စပ် တရားခံ မိုးကျော်သူ(ခ)အာကြီး (ခ) Rock Gyi ၂၆ နှစ်နှင့် အဆိုပါရပ်ကွက်၊ ခရေလမ်း၊ အမှတ် ၁၂၉ နေ ကျော်မိုးလွင်(ခ) ကျော်ကြီး  ၂၆ နှစ်တို့နှစ်ဦးအား ပိတောက် လမ်းပေါ်၌ ထပ်မံဖမ်းဆီးရမိသည်။


ဖြစ်စဉ်တွင် ဖမ်းဆီးရမိတရားခံ ကျား ငါးဦး၊ မတစ်ဦး၊ ပေါင်းခြောက်ဦးတို့အား MK-12 သေနတ် နှစ်လက်၊ ၎င်းကျည် ၁၁၀ တောင့်၊ SIG SAUER ပစ္စတိုတစ်လက်၊ 9MM LUGER ကျည် ၂၅၅ တောင့်၊ ၄၀ မမ ဗုံးသီး ၅ လုံး၊ ကျည်အိမ်မျိုးစုံ ၆ ခု၊ ဒူးကာ သုံးစုံ၊ ဖောက်ခွဲရေးတွင် တွဲဖက် အသုံးပြုသည့် Keypad ဖုန်းမျိုးစုံ ၂၀ လုံးနှင့် ဆက်စပ်ပစ္စည်းများ၊ ဆားကစ်(စ်)ပြား ၅၀ ခု၊ 3D GUN Printer တစ်လုံးနှင့် 3D GUN Printer ဆေးကြိုးခွေ ၁၀ ခွေ၊ Laptop တစ် လုံး၊ မှန်ပြောင်းတစ်လက်၊ မော်တာတစ်လုံး၊ ငွေသိန်း ၁၀၀ ကျပ်၊ ဓာတ်ငွေ့ကာတစ်ခု၊ မော်တော်ယာဉ် တစ်စီးတို့နှင့်အတူ ဖမ်းဆီး ရမိသည်။         ဆွေဦး






အခြားဆက်စပ်သတင်းများ