နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဈေးကွက်တင်ရန် ခွင့်ပြုချက်ရရှိ

ပေကျင်း    ဒီဇင်ဘာ   ၂၃


တရုတ်နိုင်ငံ၏ ပထမဦးဆုံး ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက်ရေးအထူး ကုသဆေးကို အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာနမှ စျေးကွက် တင်ရန်ခွင့်ပြုလိုက်ပြီဖြစ်သည်။ 


သုတေသနပြုရေးနှင့် ဆေးဖော်စပ် ရေးအဖွဲ့ခေါင်းဆောင်၊ ချင်းဟွာ တက္ကသိုလ်ဆေးပညာဌာန ပါမောက္ခ ကျန်းလင်ချီ၏ ပြောကြားချက်အရ အဆိုပါဆေးသည် အကြောအတွင်းသို့ ဆေးထိုးသွင်းသည့်ပုံစံဖြင့် ကုသမှုပေး မည်ဖြစ်ပြီး ဆေးကိုထိုးသွင်းပြီးသည် နှင့် ချက်ခြင်းလျင်မြန်စွာ အကျိုးသက် ရောက်မှုရှိလာမည်ဖြစ်သည်။ 


သတင်းများအရ တရုတ်၏ အထူးကုသဆေးကို သုတေသနပြု ဖော်စပ်ချိန်သည် ၁၈လ ကြာမြင့်ခဲ့ပြီး သုတေသနအဖွဲ့သည် တရုတ်နိုင်ငံ၏ ပထမဆုံး ပဋိပစ္စည်းပေါင်းစပ်ကုထုံး BRll-196/BRll 198 ၏ ဆေးဝါး သုတေသနပြုဖော်စပ်ရေးကို အသုံးချခဲ့ ခြင်းဖြစ်သည်။


အဆိုပါ ပေါင်းစပ်ကုထုံးသည် ပြင်ပ လူနာများအတွက် ဆေးရုံတက်ခြင်းနှင့် သေဆုံးနိုင်ခြေကို ၈၀ ရာခိုင်နှုန်း လျှော့ချပေးနိုင်ပြီး လက်ရှိအချိန်အထိ ကိုရိုနာဗိုင်းရပ်စ်လူနာစုစုပေါင်း ၈၀၀ ကျော်ကို စမ်းသပ်ကုသမှုပြုလုပ်ထား ပြီးဖြစ်ကြောင်း ထုတ်ပြန်ထားသည်။


(ref: BBC)






အခြားဆက်စပ်သတင်းများ