နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
CES ပြပွဲသို့ နည်းပညာကုမ္ပဏီကြီးများ တက်ရောက်နိုင်ခြင်းမရှိ

နယူးယောက်    ဒီဇင်ဘာ   ၂၃


လတ်စ်ဗီးဂတ်စ်တွင် နှစ်စဉ်ကျင်းပ လေ့ရှိသည့် စားသုံးသူများ လျှပ်စစ် ပစ္စည်းပြပွဲကို ကိုဗစ်ပြန့်ပွားမှုများ ကြောင့် Amazon၊ Metaverse၊ Twitter နှင့် Pinterest တို့ကဲ့သို့သော နာမည်ကျော် နည်းပညာကုမ္ပဏီကြီး များမှ ကိုယ်စားလှယ်များ တက်ရောက် မည်မဟုတ်ကြောင်း ထုတ်ပြန်လိုက် သည်။ 


အဆိုပါပြပွဲကြီးသည်  နှစ်စဉ်ကျင်းပ လေ့ရှိသော ပြပွဲကြီးတစ်ခုဖြစ်ပြီး နည်းပညာလောကတွင် နာမည်ကြီး အသုံးအဆောင်များကို ပြသလေ့ရှိကာ နှစ်စဉ် လာရောက်ကြည့်ရှုသူပေါင်း သိန်းချီရှိသော ပြပွဲကြီးတစ်ခုဖြစ်သည်။ Amazon အနေဖြင့်လည်း Smart  အိမ်ပုံစံများကို ပြပွဲတွင် ပြသရန် လျာထားခဲ့သော်လည်း အိုမီခရွန်မျိုးကွဲ ကြောင့် လာမည့်လတွင် ကျင်းပမည့် ပြပွဲကြီးတွင် ပါဝင်နိုင်တော့မည်မဟုတ် ကြောင်း အသိပေးထားသည်။ 


လူချင်းထိတွေ့ရမည့် ပြပွဲဖြစ်နေ သည့်အတွက် အိုမီခရွန်အန္တရာယ်ကို ကြောက်လန့်နေသော ထိုကုမ္ပဏီကြီး များကတက်ရောက်ရန် ဆန့်ကျင်နေ ခြင်းဖြစ်ကြောင်း Bloomberg သတင်းဌာနတွင် ဖော်ပြထားသည်။ Twitter ကုမ္ပဏီကမူ ဝန်ထမ်းအချို့ကို တက်ရောက်စေမည်ဖြစ်ပြီး ဆွေးနွေးပွဲ များတွင်သာ ပါဝင်စေမည်ဖြစ်ကြောင်း၊ သို့ရာတွင် အွန်လိုင်းကသာ ပါဝင်နိုင် မည်ဖြစ်သည့်အတွက် နည်းလမ်းများ ကို ရှာဖွေနေသည်။

Ref:Reuters






အခြားဆက်စပ်သတင်းများ