နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဆိုက်ဘာလုံခြုံရေးတွင် ဝယ်လိုအားမြင့်တက်လာ Blackberry ကုမ္ပဏီ ဝင်ငွေပိုရ

ဝါရှင်တန်    ဒီဇင်ဘာ   ၂၃


Wall Street က ခန့်မှန်းထားသော ဝင်ငွေပမာဏထက် Blackberry Co. Ltd သည် ဒီဇင်ဘာဒုတိယပတ်အတွင်း ဆိုက်ဘာလုံခြုံရေးတွင် ဝယ်လိုအား မြင့်မားလာမှုကြောင့် ဝင်ငွေပိုမိုရရှိလာ သည်။ 


ဆိုက်ဘာလုံခြုံရေးအတွက် ဆော့ဝဲ ဝယ်လိုအားများသည် စီးပွားရေး လုပ်ငန်းများနှင့် အစိုးရအဖွဲ့အစည်း များအကြား မြင့်တက်လာပြီး အထူး သဖြင့် ကိုဗစ်အချိန်အတွင်း အိမ်တွင် နေ၍အလုပ်လုပ်ရာတွင် ဆိုက်ဘာ လုံခြုံမှုရှိစေရန် Cloud အခြေခံ လုံခြုံရေးများကို ပိုမိုအသုံးပြုလာကြ ခြင်းကြောင့်ဖြစ်ကြောင်း Blackberry ကုမ္ပဏီက ဆိုသည်။ Blackberry ကုမ္ပဏီအနေဖြင့် ယခုနှစ်တွင် ပြီးခဲ့ သည့် နိုဝင်ဘာလအထိ ဝင်ငွေပေါင်း ကန်ဒေါ်လာ ၁၂၈ သန်းအထိရရှိခဲ့ပြီး နှစ်ကုန်ပိုင်းတွင် ကန်ဒေါ်လာ ၁၃၅ သန်းအထိ ရရှိရန် မျှော်မှန်းထားသည်။ 


ပြီးခဲ့သည့် ၂၀၂၀ ခုနှစ်တွင် ဝင်ငွေပေါင်း ကန်ဒေါ်လာ ၂၁၈ သန်း ရရှိခဲ့သော်လည်း ယခုနှစ်တွင်မူ ယင်းပမာဏအထိ မျှော်မှန်းထားခြင်း မရှိကြောင်း၊ သို့ရာတွင် ယခုနှစ်အတွက် မျှော်မှန်းထားသော ပမာဏထက် ပိုမို ရရှိနေပြီဖြစ်သည်။

(Ref:Reuters)






အခြားဆက်စပ်သတင်းများ