နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အမေရိကန်တွင် အိုမီခရွန်ကူးစက်မှု မြင့်တက်နေ ကိုဗစ်စမ်းသပ်ပစ္စည်းဝယ်လိုအားများ၍ ဆေးဆိုင်များကန့်သတ်

နယူးယောက်    ဒီဇင်ဘာ   ၂၃


အမေရိကန်နိုင်ငံ၏ ကြီးမားသော ဆေးဆိုင် လုပ်ငန်းများဖြစ်သည့် Walmart Inc ၊    Walgreens Boots Alliance နှင့် CVS Health Corp တို့သည် မြင့်တက်လာသော အိုမီခရွန် ကူးစက်မှုများနှင့် ဝယ်လိုအားများလာ သော ကိုဗစ်စမ်းသပ်ကိရိယာတို့ကြောင့် အဆိုပါ ရောဂါပိုးစစ်ဆေးကိရိယာ ဝယ်ယူနိုင်မှုပမာဏကို ကန့်သတ်လိုက် ပြီဖြစ်သည်။ Walgreens Boots ဆေး ကုမ္ပဏီ၏ ပြောရေးဆိုခွင့်ရှိသူက အဆိုပါ ကိုဗစ်စမ်းသပ်ကိရိယာကို အွန်လိုင်းမှ ဖြစ်စေ၊ စျေးဆိုင်တွင်ဖြစ်စေ စျေးဝယ်သူ တစ်ဦးလျှင် လေးခုသာ ဝယ်ယူနိုင်မည် ဖြစ်ကြောင်း ဒီဇင်ဘာ ၂၂ ရက်နေ့က ထုတ်ပြန်ထားခြင်းဖြစ်သည်။ 


အိုမီခရွန်မျိုးကွဲသည် အချိန်တို အတွင်း အမေရိကန်နိုင်ငံတွင် လျင်မြန်စွာပြန့်ပွားနေပြီး အားလပ်ရက် များမတိုင်မီ ပုံမှန်သွားလာရမည့်အစား ကန့်သတ်ချက်များကိုသာ ပြန်လည် ချမှတ်ထားရပြီး ရုံးပိတ်ရက်များမတိုင်ခင် အမေရိကန်နိုင်ငံ၏ စီးပွားရေးဖြစ် သည့် ခရီးသွားရေးလုပ်ငန်းနှင့် ပျော်ပွဲ များကို ရပ်တန့်လိုက်ရမည့် အနေ အထားဖြစ်နေသည်။ 


အဆိုပါ ကိုဗစ်စမ်းသပ်ကိရိယာ ဝယ်ယူမှုကို ကန့်သတ်လိုက်သော် လည်း မြင့်မားလာသော ဝယ်လိုအား များကို ဖြည့်ဆည်းနိုင်ရန်အတွက် ကြိုးပမ်းဆောင်ရွက်နေကြောင်း သိရ သည်။ ကန်သမ္မတဂျိုးဘိုင်ဒင်အနေဖြင့် ယင်း၏နိုင်ငံအတွင်း ကိုဗစ်စမ်းသပ် ကိရိယာပေါင်းအရေအတွက် သန်း ၅၀၀ ကိုမှာမည်ဖြစ်သောကြောင့် ဇန်နဝါရီလ ကစပြီး အွန်လိုင်းကတစ်ဆင့် အခမဲ့ မှာယူနိုင်မည်ဖြစ်ကြောင်း ပြောကြား ထားသည်။

(Ref:Reuters)






အခြားဆက်စပ်သတင်းများ