နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဥရောပလုံခြုံရေးနှင့် ယူကရိန်းအခြေအနေ ရုရှားသမ္မတနှင့် ဂျာမန်ဝန်ကြီးချုပ် ဆွေးနွေး

ဘာလင်    ဒီဇင်ဘာ   ၂၃


ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် ဂျာမနီဝန်ကြီးချုပ် အိုလပ်ဆိုလ်းရှုဇ် တို့သည် ဥရောပတိုက်အတွင်း လုံခြုံ ရေးနှင့် ယူကရိန်းအခြေအနေများကို တယ်လီဖုန်းမှတစ်ဆင့် ဆွေးနွေးခဲ့ကြ ကြောင်း ဂျာမနီသတင်းများတွင် ဖော်ပြချက်အရ သိရသည်။ 


အိုလပ်ဆိုလ်းရှုဇ်အနေဖြင့် ဂျာမနီ ဝန်ကြီးချုပ်ဖြစ်လာပြီးနောက် ယခု အနေအထားသည် နှစ်နိုင်ငံအကြား ပထမဆုံးဆွေးနွေးမှုဖြစ်သည်။ ရုရှား သတင်းဌာနများ၏ ထုတ်ပြန်ချက်အရ ရှရှားသမ္မတ ပူတင်သည် နိုင်ငံ့ လုံခြုံရေးကြောင့် နေတိုးအဖွဲ့ကို အရှေ့ဘက်နိုင်ငံများတွင် အင်အား တိုးချဲ့မှုမပြုစေရန်နှင့် ရုရှားနိုင်ငံအနီး ကာကွယ်ရေး စစ်လက်နက်များ ချထား ခြင်းမပြုရန် အဆိုပြုမှုများလုပ်ခဲ့ ကြောင်းကို ဂျာမနီဝန်ကြီးချုပ်ထံ အကြောင်းကြားခဲ့ခြင်းသာ ဖြစ်ကြောင်း ဖော်ပြထားသည်။ 


ယင်းကိစ္စနှင့်ပတ်သက်ပြီး သမ္မတ ပူတင်သည် အသေးစိတ်ကို ရှင်းလင်း ပြခဲ့ပြီး အိုလပ်ဆိုလ်းရှုဇ်ကမူ ယူကရိန်း ဒေသအတွင်း တင်းမာမှုများအတွက် စိုးရိမ်ကြောင်းနှင့် တင်းမာမှုကို အမြန်ဆုံးလျှော့ချနိုင်ရန် လိုအပ်သည် ဟု ပြောကြားခဲ့ကြောင်း ဂျာမနီဘက်မှ တာဝန်ရှိသူများ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။


ယူကရိန်းနိုင်ငံ အရှေ့ဘက်ရှိ ရုရှား နှင့် နယ်စပ်တွင် ချထားသော ရုရှား စစ်သားအင်အား တစ်သိန်းခန့်သည်  လာမည့် ဇန်နဝါရီလအစောပိုင်းတွင် ယူကရိန်းကိုသိမ်းပိုက်ရန် ပြင်ဆင်မှု များပြုလုပ်နေကြောင်း အမေရိကန်နှင့် ယူကရိန်းက ပြောထားသော်လည်း ရုရှားက ထိုစွပ်စွဲချက်ကို ငြင်းပယ်ထား သည်။                           (ref:Reuters)






အခြားဆက်စပ်သတင်းများ