နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မွေးမြူရေးအာမခံချက် ချက်ခြင်းပေးရန် ရုရှားက အမေရိကန်ကို တောင်းဆို

မော်စကို    ဒီဇင်ဘာ   ၂၂


လုံခြုံရေးဆိုင်ရာ တောင်းဆိုချက် များကို အမေရိကန်ပြည်ထောင်စုအနေ ဖြင့် အလျင်အမြန်တုံ့ပြန်ရန်လိုကြောင်း ရုရှားနိုင်ငံက တောင်းဆိုလိုက်ပြီး ၎င်း တို့၏စိုးရိမ်ပူပန်မှုများကို ပပျောက်စေ မည့် နိုင်ငံရေးအရ လုပ်ဆောင်မှုကို ပြသရန် ဒီဇင်ဘာ ၂၁ ရက်တွင် ထပ်မံ သတိပေးလိုက်သည်။   


ယူကရိန်းနယ်စပ်တွင် တပ်များ အလုံးအရင်းချထားလိုက်ပြီး အနောက် နိုင်ငံများကိုထိတ်လန့်စေခဲ့သော ရုရှား သည် အရှေ့ဥရောပနှင့် ယူကရိန်းတွင် မြောက်အတ္တလန်တိတ် စာချုပ်အဖွဲ့ အနေဖြင့် စစ်ရေးတိုးချဲ့မှုမလုပ်ရန် အပါအဝင် ၎င်းတို့စိတ်တိုင်းကျညှိနှိုင်းလိုသော လုံခြုံရေး အဆိုပြုချက်များကို ပြီးခဲ့သော ရက်သတ္တပတ်က ကြေညာ ခဲ့သည်။  


ရုရှား၏ တောင်းဆိုချက်အချို့သည် လက်ခံနိုင်ဖွယ်မရှိသည်မှာ ထင်ရှား ကြောင်း အမေရိကန်ပြည်ထောင်စုက ပြောသော်လည်း ယခုအပတ်အတွင်း ပိုမိုခိုင်မာသော အဆိုပြုချက်များဖြင့် ဆွေးနွေးမည့်ပုံစံကို ပြောမည်ဖြစ် ကြောင်း တုံ့ပြန်ထားသည်။  


လက်ရှိတွင် မော်စကိုနှင့် နေတိုး အကြား ဆက်ဆံရေးတွင် ဟန်ဆောင်မှု မရှိတော့ဘဲ မူရင်းဗီဇအတိုင်းသာ ရှိနေ ကြောင်း ဗီယင်နာရှိ ရုရှားသံတမန် ကွန်စတန်တင် ဂက်ဗရီလော့က ပြော သည်။                        (Ref:Reuters)






အခြားဆက်စပ်သတင်းများ