နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အာဖဂန်နစ္စတန် ဗဟိုဘဏ်ငွေကြေးထိန်းချုပ်မှုဖြေလျှော့ရန် အမေရိကန်လွှတ်တော်အမတ်များ တောင်းဆို

ဝါရှင်တန်    ဒီဇင်ဘာ   ၂၂


အာဖဂန်နစ္စတန်အပေါ် ပိတ်ဆို့ အရေးယူထားခြင်းများ လျှော့ချပြီး ဗဟိုဘဏ်၏ အရံနိုင်ငံခြားငွေကြေးကို ဖွင့်ပေးရန် အမေရိကန်သမ္မတကို အမေရိကန်လွှတ်တော်အမတ်များက တိုက်တွန်းလိုက်သည်။ 


ဒီမိုကရက်တစ် အမတ် ၄၆ ယောက်က သမ္မတဘိုင်ဒင်ထံ ပေးပို့ လိုက်သည့်စာတွင် ယခုလို ပြောလိုက် ခြင်းဖြစ်ပြီး ရီပါဘလီကန်အမတ်များ ကမူ ငွေကြေးနှင့်ပတ်သက်၍ တာလီဘန်များ ပိုင်ဆိုင်ခွင့်မရှိစေရ ကြောင်း ပြောကြားသည်။ အာဖဂန်၏ အရံငွေကြေး ၉ ဒသမ ၄ ဘီလီယံကို အမေရိကန်က သိမ်းပိုက်ထားခြင်း ကြောင့် ငွေကြေးဖောင်းပွစေကာ ကူးသန်းရောင်းဝယ်ရေးဘဏ်များနှင့် အရေးကြီးသည့် ပုဂ္ဂလိကလုပ်ငန်း များကို ပိတ်ဆို့ရာရောက်ပြီး အာဖဂန် စီးပွါးရေးနှင့် လူသားချင်းစာနာ ထောက်ထားမှု အကျပ်အတည်းအတွင်း ရောက်သွားစေကြောင်း ကန်သမ္မတထံ စာပေးပို့ခဲ့ခြင်းဖြစ်သည်။ 


အိမ်ဖြူတော်၏ ထုတ်ပြန်ချက် တွင် ယခုလိုထိန်းချုပ်ထားခြင်းကို ဖြေလျှော့ပေးမည် မဟုတ်သော်လည်း အာဖန်နစ္စတန်ကို လူသားချင်းစာနာ ထောက်ထားရေး အကူအညီပေးရန် ဆက်လက် ဆောင်ရွက်မည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။ 


လက်ရှိတွင် အကြမ်းဖက်အုပ်စုများ နှင့်အဆက်အသွယ်ဖြတ်ပြီး အားလုံး ပါဝင်သည့် အုပ်ချုပ်ရေးထူထောင်ရန်၊ လူ့အခွင့်အရေးကိုလေးစားရန်၊ အမျိုး သမီးများကို အများပြည်သူရေးရာတွင် အပြည့်အဝ ပါဝင်ခွင့်ပေးရန်နှင့် မိန်းကလေးများ ပညာသင်ကြားခွင့် ပေးရန် အမေရိကန်အစိုးရက အာဖဂန် အစိုးရကို ဖိအားပေးလျက်ရှိသည်။ 


အာဖဂန်နစ္စတန်တွင် လူဦးရေ သန်း ၄၀ ရှိပြီး ထက်ဝက်ခန့်မှာ ငတ်မွတ်ခေါင်းပါးဘေးနှင့် ရင်ဆိုင် နေရကြောင်း ကုလသမဂ္ဂက ခန့်မှန်း ထားသည်။                           

(ref:AP)






အခြားဆက်စပ်သတင်းများ