နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
၂၀၂၂ ခုနှစ်တွင် ကိုဗစ်-၁၉ ရောဂါ အဆုံးသတ်ရေးကြိုးပမ်းမည်ဟု WHO ပြောကြား

ဂျီနီဗာ    ဒီဇင်ဘာ   ၂၂


ကမ္ဘာတစ်ဝန်းတွင် လာမည့် ၂၀၂၂ ခုနှစ်အတွင်း ကိုဗစ်-၁၉ ကပ် ရောဂါကိုအဆုံးသတ်ရေး အတူတကွ ဆောင်ရွက်သွားကြရန် ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ (WHO) ကပြောကြား လိုက်သည်။  


၂၀၂၂ ခုနှစ်သည် ကပ်ရောဂါကို အဆုံးသတ်ရမည့်နှစ်ဖြစ်ပြီး နှစ်ကုန် ပိုင်းတွင် ပျော်ရွှင်မှုများနှင့်အတူ ပုံမှန် အခြေအနေဆီသို့ပြန်သွားရန် ကြိုးပမ်း ရမည်ဖြစ်ကြောင်း WHO က ပြောကြား ခဲ့ကြောင်း ကုလသမဂ္ဂကျန်းမာရေး အေဂျင်စီက ပြောကြားသည်။  


လက်ရှိတွင် အိုမီခရွန် (Omicron) ဗီဇပြောင်းဗိုင်းရပ်စ်ကို နိုင်ငံပေါင်း များစွာ၌တွေ့ရှိခဲ့ရပြီး အဆိုပါဗီဇပြောင်း ဗိုင်းရပ်စ်မျိုးကွဲသစ်သည် ဒယ်လ်တာ ဗီဇပြောင်းဗိုင်းရပ်စ်ထက် ပိုမိုဆိုးဝါး ခြင်းမရှိသော်လည်း ပိုမိုကူးစက် လွယ် ကြောင်းနှင့် ကာကွယ်ဆေးအား ခံနိုင်ရည်ရှိကြောင်း WHO က ပြော သည်။  


ကာကွယ်ဆေးများရရှိမှုတွင် မျှတမှု မရှိခြင်းက “အကယ်၍ လာမယ့်နှစ်မှာ ကပ်ရောဂါကို ကျွန်တော်တို့အဆုံးသတ် နိုင်မယ်ဆိုရင် မမျှတမှုကိုလည်း အဆုံးသတ်နိုင်မှာပါ”ဟု WHO က ပြောကြားထားသည်။  

(ref:BBC)






အခြားဆက်စပ်သတင်းများ