ညောင်ဦး၊ ဒီဇင်ဘာ ၂၀
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦး မြို့နယ်၊ ကူရွာအုပ်စု၊ တောင်ရှေ့ကျေးရွာ ၌ ဒီဇင်ဘာ ၁၇ ရက် ည ၉ နာရီခန့်က မီးလောင်မှုကြောင့် အိမ်အချို့ဆုံးရှုံးခဲ့ ကြောင်း ညောင်ဦးမြို့နယ် မီးသတ်ဦးစီး မှူးထံမှ သိရသည်။
မီးလောင်မှုဖြစ်ပွားသည့်ညောင်ဦး မြို့မီးသတ်စခန်း၏ တောင်ဘက် ၈ မိုင်ခန့်အကွာ ကူရွာအုပ်စု၊ တောင်ရှေ့ ကျေးရွာသို့ ညောင်ဦးခရိုင် မီးသတ်ဦးစီး မှူးနှင့် ခရိုင်မီးသတ်တပ်ဖွဲ့ဝင်များ၊ ညောင်ဦးမြို့နယ် မီးသတ်ဦးစီးမှူးနှင့် မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များက အမှတ်(၁)၊ အမှတ်(၄)၊ အမှတ်(၅) အရန်မီးသတ် တပ်ဖွဲ့ဝင်များနှင့်အတူ ခရိုင်မီးသတ်တပ်ဖွဲ့မှ မီးသတ်ယာဉ် တစ်စီး၊ ရေသယ်ယာဉ်နှစ်စီး၊ မြို့နယ် မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် တစ်စီး၊ ရေသယ်ယာဉ် တစ်စီးတို့ဖြင့် သွားရောက် မီးငြှိမ်းသတ်ခဲ့ရာ ည ၉ နာရီ ၄၆ မိနစ်တွင် မီးငြိမ်းခဲ့ကြောင်း သိရသည်။
မီးလောင်မှုဖြစ်စဉ်မှာ တောင်ရှေ့ ကျေးရွာရှိ ဦးဇော်မြင့် နေအိမ်တွင် ဟောင်းနွမ်းဆွေးမြေ့နေသော ဝါယာ ကြိုးများဖြင့် အိမ်မကြီးအမိုးနှင့်ကပ် လျက်သွယ်တန်းထားသောလေးပေ မီးချောင်း အပူလွန်ကဲရာမှ လောင်ကျွမ်း ခြင်းဖြစ်ပြီး ဦးစိန်ဖိုးပိုင်ဆိုင်သော လူ မနေသည့် အိမ်တစ်လုံး၊ ဦးသင်းကိုကို ပိုင်ဆိုင်သော နှစ်ထပ် နေအိမ်တစ် လုံးနှင့်ပဲဂိုဒေါင်တစ်လုံးတို့ မီးလောင် ဆုံးရှုံးခဲ့သည်။
ပေါ့ဆမှုကြောင့် မီးလောင်မှုဖြစ် စေခဲ့သူ ဦးဇော်မြင့်အား ညောင်ဦးမြို့မ ရဲစခန်းက (ပ)၁၀၄/၂၀၂၁ ရာဇသတ် ကြီးပုဒ်မ ၂၈၅ ဖြင့်အမှုဖွင့်အရေးယူ ထားကြောင်း သိရသည်။
စစ်ငြိမ်းမာန်