နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
လက်လုပ်မိုင်းထောင်နေစဉ် ပေါက်ကွဲ

ရန်ကုန်၊ ဒီဇင်ဘာ ၂၀


စစ်ကိုင်းတိုင်းဒေသကြီး၊ တန့်ဆည် မြို့နယ်၌ ဒီဇင်ဘာလ ၁၈ ရက် နံနက် ၈ နာရီခွဲအချိန်တွင် လက်လုပ်မိုင်း ထောင်နေစဉ် ပေါက်ကွဲသဖြင့် အကြမ်း ဖက်သူ အမျိုးသားနှစ်ဦး သေဆုံးသွား သည်။


ဖြစ်စဉ်မှာ စစ်ကိုင်းတိုင်းဒေသကြီး၊ တန့်ဆည်မြို့နယ်၊ တန့်ဆည်-ကာဘိုး သွားကားလမ်း ကာဘိုးကျေးရွာ အ ထွက် တန့်ဆည်မြို့အဝင် ဆိုင်းဘုတ်အနီး ၌ပေါက်ကွဲမှုဖြစ်ပွားကြောင်း သတင်း အရ လုံခြုံရေးတပ်ဖွဲ့ဝင်များကသွား ရောက်စစ်ဆေးရာ အခင်းဖြစ်နေရာ တွင် အသက် ၂၃ နှစ်ခန့်ရှိအမျိုးသား တစ်ဦး(စိစစ်ဆဲ)တွင် မျက်နှာပွင့်ထွက် ဒဏ်ရာ၊ ယာပေါင် ကြေမွပြတ်ထွက် ဒဏ်ရာနှင့် အသက် ၂၁ နှစ်ခန့်ရှိ အမျိုးသားတစ်ဦး(စိစစ်ဆဲ)တွင် ယာဘက်တံတောင် ပြတ်ထွက်ဒဏ်ရာ၊ ဝဲဘက်နားရွက်အောက် ဖောက်ဝင် ဒဏ်ရာတို့ရရှိကာ သေဆုံးနေသည်ကို တွေ့ရှိရပြီး ယင်းတို့နှစ်ဦးမှာဗိုလ်မြ ရပ်ကွက်နေ မျိုးမြတ်နိုင်  ၂၁ နှစ် (ဘ)ဦးကြည်ဆန်းနှင့် အမျိုသား တစ်ဦး(စိစစ်ဆဲ)တို့သည် အကြမ်းဖက် ဖောက်ခွဲမှု ပြုလုပ်ရန်အတွက်လက် လုပ်မိုင်းထောင်နေစဉ် ပေါက်ကွဲမှု ဖြစ်ပွားခဲ့သဖြင့် မိုင်းစထိမှန်ဒဏ်ရာ များရရှိကာ အခင်းဖြစ်နေရာ၌ သေဆုံး သွားသည်။

ဆွေဦး






အခြားဆက်စပ်သတင်းများ