နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
လယ်ယာသုံးစက်ကိရိယာများ သုံးစွဲရေး

ဇွန် ၂


မုတ်သုံလေဝင်ရောက်မှုနောက်ကျပြီး မိုးရွာသွန်းမှုလျော့နည်းနိုင်သည့်အတွက် စိုက်ပျိုးရေရရှိမှုနည်းပါး နိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒဦးစီးဌာနမှ ခန့်မှန်းချက်များအရ သိရသည်။ မျက်မှောက်ကာလတွင် ပြောင်းလဲလာသောအခြေအနေများအပေါ်မူတည်၍ တောင်သူလယ်သမားများသို့ အကြံပြုချက်၊ နှိုးဆော် ချက်များကို ထုတ်ပြန်ထားသည်။

လယ်ယာလုပ်ငန်းခွင်နှင့်ပတ်သက်၍ အခက်အခဲများကြုံတွေ့ပါက နီးစပ်ရာစိုက်ပျိုးရေး ဦးစီးဌာန၊ စက်မှု လယ်ယာဦးစီးဌာနနှင့် ရုံးချုပ်သို့ ဆက်သွယ်ဆောင်ရွက်ကြရန် အသိပေးထားသည်။ စိုက်ပျိုးရေးလုပ်ငန်းများ တွင် မူလကဓားမဦးချ မိရိုးဖလာစိုက်ပျိုးနည်းများဖြင့် ဆောင်ရွက်လာကြရာ အကြောင်းအမျိုးမျိုးသော အခက် အခဲများ၊ ခေတ်မမီသည့်စိုက်ပျိုးရေးနည်းစနစ်များကြောင့် စိုက်ပျိုးရေးလုပ်ငန်းများတွင် တိုးတက်မှုနှေးကွေး သည်။

လယ်ယာစိုက်ပျိုးရေးလုပ်ငန်းတွင် မြေယာပြုပြင်ပေးနိုင်မှုသည် အဓိကလိုအပ်ချက်ဖြစ်သည်။ မိုးစပါး စိုက်ပျိုးရာတွင် တောင်သူလယ်သမားများ ထွန်ယက်လိုသောမြေဧကများပြီး လယ်သမားပိုင်စက်များကနည်း ပါးသဖြင့် ယင်းအခက်အခဲများကို မြို့နယ်စက်မှုလယ်ယာဦးစီးဌာနမှ သတ်မှတ်ထားသောနှုန်းထားများဖြင့် အဆင်ပြေအောင်ဆောင်ရွက်ပေးလျက်ရှိသည်။

ယနေ့အခြေအနေတွင် စိုက်ပျိုးရေးနည်းစနစ်များပြောင်းလဲစိုက်ပျိုးရာတွင် ပျိုးသက်နုကောက်ကွက်ကြဲ စနစ်၊ တိုက်ရိုက်အစေ့ချစိုက်ပျိုးနည်းစနစ်(အခြောက်၊အစို)၊ ကြဲခင်းစနစ် Drumseeder ဖြင့် စိုက်ပျိုးခြင်းစနစ် များသုံးစွဲဆောင်ရွက်ရန်လိုအပ်သည်။
မျိုးကောင်းမျိုးသန့်စပါးများစိုက်ပျိုးခြင်း စနစ်တကျမြေဩဇာသုံးစွဲခြင်းဖြင့် စပါးအထွက်ကောင်းသကဲ့သို့ ဝင်ငွေတိုးပွားမှုကို အထောက်အပံ့ဖြစ်စေသည်။

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ဆည်မြောင်းနှင့်ရေအသုံးချ စီမံခန့်ခွဲရေးဦးစီးဌာနမှ တည်ဆောက်ထိန်းသိမ်းထားသော ရေလှောင်တမံ၊ ရေလွှဲဆည်၊ ရေထိန်းတံခါးအပါအဝင် ဆည်ငယ်ကန်ငယ် များတွင် သိုလှောင်ထားရှိသောရေများကို ဒေသအလိုက်စိုက်ပျိုးရေ၊ သောက်သုံးရေလိုအပ်ချက်မှုများကို စနစ် တကျစီမံဆောင်ရွက်ပေးလျက်ရှိသည်။ ရေလေလွင့်ဆုံးရှုံးမှုနည်းပါးကာ ရေလိုအပ်ချက်များကို ထိရောက်စွာ သုံးစွဲမှုဖြင့် တောင်သူလယ်သမားများအားလုံး ပူးပေါင်းပါဝင်ဆောင်ရွက်ရန် လိုအပ်ကြောင်း အသိပေးထားသည်။

တောင်သူလယ်သမားများအနေဖြင့် ယခုလက်ရှိဖြစ်ပေါ်နေသောအချိန်အခါကောင်းများကို ထိထိမိမိ အသုံးချကာ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများတွင် အရှိန်အဟုန်မြှင့်တိုးမြှင့်ပူးပေါင်းဆောင်ရွက်စေချင်ကြောင်း။    ။






အခြားဆက်စပ်သတင်းများ