နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
တန့်ဆည်မြို့နယ် PDF အကြမ်းဖက်အဖွဲ့ ပြည်သူများကို ပစ်ခတ်သတ်ဖြတ်၊ နေအိမ်များမီးရှို့

တန့်ဆည်၊ ဒီဇင်ဘာ ၁၉


စစ်ကိုင်းတိုင်းဒေသကြီး၊ တန့်ဆည်မြို့နယ်၌ PDF အကြမ်းဖက်လက်နက် ကိုင်အဖွဲ့က ဒီဇင်ဘာ ၁၇ ရက်၊ နံနက် ၂ နာရီခွဲတွင်သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်၍ နေအိမ်လေးလုံးအား မီးရှို့ဖျက်ဆီးပြီး အပြစ်မဲ့ပြည်သူ အမျိုးသားငါးဦးနှင့် အမျိုးသမီးငါးဦး သေဆုံးသွားသည်။


ဖြစ်စဉ်မှာ စစ်ကိုင်းတိုင်းဒေသကြီး၊ တန့်ဆည်မြို့နယ်၊ သာကေတကျေးရွာ၌ PDF အကြမ်းဖက်လက်နက်ကိုင်အဖွဲ့အင်အား (စိစစ်ဆဲ)က ကျေးရွာအတွင်း ဝင်ရောက်လာပြီး သေနတ်ဖြင့် ကျေးရွာနေပြည်သူအချို့ကို ပစ်ခတ်သတ်ဖြတ်၍ နေအိမ် များ မီးရှို့ဖျက်ဆီးကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက် စစ်ဆေးရာ PDF အကြမ်းဖက်လက်နက်ကိုင်အဖွဲ့၏ မီးရှို့ဖျက်ဆီးမှုကြောင့် ကျေးရွာနေ  ဦးကျော်ရွှင်(စိစစ်ဆဲ)၏ အုတ်တိုက် နှစ်ထပ် နေအိမ်တစ်လုံး၊ 7N/8644 FORLAND မော်တော်ယာဉ်တစ်စီး၊ ငါးမူးသားဆွဲကြိုးတစ်ကုံး၊ ငွေကျပ်ငါးသိန်း၊ စပါးတင်း ၃၀၀ ခန့်၊ တစ်ရွာတည်းနေ ကိုမိုးမင်း(စိစစ်ဆဲ)၏ သွပ်မိုးထရံကာ နှစ်ထပ်နေအိမ်တစ်လုံး၊ ဒေါ်ခင်ဌေး ၆၅ နှစ် (ဘ) ဦးဘသိန်း၏ သွပ်မိုး၊ ထရံကာ နှစ်ထပ်နေအိမ်တစ်လုံးတို့ မီးလောင်ပျက်စီးသွားသည်။


ထိုသို့ အကြမ်းဖက်မီးရှို့ပစ်ခတ်သတ်ဖြတ်မှုကြောင့် ဒေါ်ခင်ဌေးနှင့် ၎င်း၏ မိသားစုဝင်များဖြစ်သည့် သမီးဖြစ်သူ ဒေါ်မိကြွယ် ၄၅ နှစ် (ဘ) ဦးချစ်ပြား၊ သားမက်ဖြစ်သူ ဦးဖိုးဇော် (ခ) သူရဇော် (ဘ) ဦးစိုးတင့်၊ မြေးဖြစ်သူ ခိုင်ထူး ၂၀ နှစ်၊ မခိုင်နွယ်ထွန်း ၁၅ နှစ်နှင့် မောင်အာဇာနည် ၁၀ နှစ် (ကိုရင်ဝတ်)နှင့် ကိုမိုးဝင်းနှင့် ၎င်း၏မိသားစုဝင်များဖြစ်သည့် မိခင်ဖြစ်သူ ဒေါ်ညိုသေး ၆၀ နှစ် (ဘ) ဦးမောင်ဟန်၊ ဇနီးဖြစ်သူ မစန္ဒာ ၃၂ နှစ်  (ဘ)  ဦးညိုမောင်၊ သားဖြစ်သူ မောင်မိုးဇက် ၁၄ နှစ်တို့ကို သေနတ်ထိမှန်ဒဏ်ရာ မီးလောင်ဒဏ်ရာများဖြင့် အခင်းဖြစ်နေရာ၌ သေဆုံးပြီး ကိုမိုးမင်းနှင့် ဦးကျော်ရွှင်တို့မှာ အသက်အန္တရာယ်ဘေးမှ ထွက်ပြေးလွတ်မြောက်ကာ တရားခံများ အမြန်ဆုံးဖမ်းဆည်းရမိရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက နယ်မြေခံစစ် ကြောင်းများနှင့်ပူးဆောင်ရွက်လျက်ရှိသည်။                                          ဆွေဦး






အခြားဆက်စပ်သတင်းများ