နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
သတိပြုဖွယ် အဖျက်အမှောင့် အန္တရာယ် သန်လျင်မြို့နယ် အကြမ်းဖက်ဆောင်ရွက်နေသူများ လက်နက်/ခဲယမ်းများနှင့် ဖမ်းဆီးရမိ

ရန်ကုန်၊ ဒီဇင်ဘာ ၁၉


သန်လျင်မြို့နယ်၊   လဟာရက် ကျေးရွာ အပြင်ဘက်ရှိ လယ်တဲအတွင်း ဝင်ရောက်ရှင်းလင်းခဲ့ရာ သန့်ဇော်အောင် (ခ)စိုးလေး ၂၉ နှစ်၊ ရဲမင်းဖြိုး(ခ)ကိုဖြိုး ၂၇ နှစ်၊ ဖြိုးမောင်မောင် (ခ)ဖြိုးကြီး ၃၂ နှစ်(သေဆုံး)နှင့် ၎င်း၏ရည်းစားဖြစ်သူ စန္ဒာ ၁၇ နှစ်တို့လေးဦးကို ဒီဇင်ဘာ ၁၇ ရက်တွင်  M-16 တစ်လက်၊ M-22 တစ်လက်၊ ပစ္စတို တစ်လက်၊ M-16 ကျည်အိမ် နှစ်ခု၊ M-22 ကျည်အိမ်တစ်ခု၊ SIG SAUER ပစ္စတိုကျည်အိမ်နှစ်ခု၊ ၇ ဒသမ ၆၂ ကျည် ၂၅ တောင့်၊ ၅ ဒသမ ၅၆ ကျည် ၅၀ တောင့်၊ ၉ မမကျည် ၂၀ တောင့်တို့နှင့်အတူ ဖမ်းဆီးရမိသည်။


တရားခံများ၏ ထွက်ဆိုချက်အရ အကြမ်းဖက်ဖောက်ခွဲရေး လုပ်ငန်းများ တွင် အသုံးပြုသည့် ဖောက်ခွဲရေးပစ္စည်း များအား သိုဝှက်သိမ်းဆည်းပေးထား သော သန်လျင်မြို့နယ်၊ လဟာရက် ကျေးရွာနေ       ဆက်စပ်တရားခံ တင်ထွန်းခိုင် ၄၁ နှစ်ကို ပိုတက်ဆီယမ် ကာဗွန်နိတ် ၁၃ ထုပ်၊ ဆီလီကွန်ပုံစံခွက် ၁၀ ခု၊ ဆာလ်ဖျူရစ်အက်ဆစ် တစ်ဘူး၊ သံဘောစေ့ သုံးဘူး၊ သံဖောက်စက်တစ်ခု၊ ဆီလီကွန် မှုန့် ၁၀ ပိဿာခန့်၊ အက်ဆစ် အရည်ပုံးတစ်ပုံးနှင့်အတူ ထပ်မံဖမ်းဆီး ရမိသည်။


ဖြစ်စဉ်တွင် ဖမ်းဆီးရမိတရားခံ ကျားလေးဦး၊ မတစ်ဦးပေါင်းငါးဦး တို့အား M-16 တစ်လက်၊ M-22 တစ်လက်၊ ပစ္စတိုတစ်လက်၊ ကျည် အိမ်မျိုးစုံငါးခု၊   ကျည်မျိုးစုံ ၉၅ တောင့်၊ ဖောက်ခွဲရေးပစ္စည်းများတွင် အသုံးပြုသည့် ပစ္စည်းများနှင့်အတူဖမ်း ဆီးရမိသည်။


ယင်းတို့၏   ထွက်ဆိုချက်အရ သန့်ဇော်အောင် (ခ) စိုးလေး နှင့် ဖြိုးမောင်မောင်  (ခ)  ဖြိုးကြီးသည် ဇူလိုင်လတွင် KNLA တပ် မဟာ ၆ နယ် မြေလေးကေ့ကော်မှ တပ်ရင်းမှူး အဆင့် ရှိ   ရန်နိုင် ဖွင့်လှစ်သော အကြမ်းဖက် ဖောက်ခွဲရေး   သင်တန်းအားလည်း ကောင်း၊   ရဲမင်းဖြိုး(ခ)ကိုဖြိုးသည်   ဩဂုတ်လတွင်   ကယားပြည်နယ်၊    ရှမ်းစုကျေးရွာအနီး၌  အကြမ်းဖက် ဖောက်ခွဲရေးသင်တန်းအား လည်း ကောင်း      တက်ရောက်ခြင်းဖြစ် ကြောင်းနှင့်   သိမ်းဆည်းရမိ လက်နက် ခဲယမ်းများမှာ ဖြိုးမောင်မောင် (ခ)ဖြိုးကြီးမှ အကြမ်းဖက်လုပ်ငန်းများ တွင် အသုံးပြုရန် KNLA တပ်မဟာ ၆ နယ်မြေမှ ချိတ်ဆက်မှာယူခြင်းဖြစ် ကြောင်း ဖော်ထုတ်သိရသည်။

ဆွေဦး






အခြားဆက်စပ်သတင်းများ