နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အကြမ်းဖက်လုပ်ရပ် ကျူးလွန်ခဲ့သူများ ပြစ်ဒဏ်အသီးသီးချမှတ်

ရန်ကုန်၊ ဒီဇင်ဘာ ၁၈


ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ အမှတ်(၂၄)ရပ်ကွက်နေ ရာအိမ်မှူးတစ်ဦးအား ဇူလိုင် ၂၈ ရက်တွင် ထက်ပိုင်စိုး(ခ)ဖိုးထက်(ဘ)ဦးစိုးသန့် အပါအဝင်အမျိုးသားငါးဦးတို့သည် သေနတ်ဖြင့် ဝိုင်းဝန်းလုပ်ကြံပစ်ခတ်ခဲ့သဖြင့် စစ်အုပ်ချုပ်ရေး (Martial Law) စစ်ခုံရုံးဖွဲ့၍ စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ အကြမ်း ဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ  ၅၀(က)/ ၅၄ အရ ဒီဇင်ဘာ ၁၆ ရက်တွင် ၎င်းတို့ငါးဦးအား  “သေဒဏ် ”  အမိန့်ချမှတ်လိုက်သည်။


အလားတူ ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်၊ ရွှေပေါက်ကံ မြို့သစ်၊   အမှတ် ၁၃ ရပ်ကွက်၊  မိတ္ထီလာလမ်းနေ အောင်ပိုင်(ခ)ဖိုးကဲ (ဘ) ဦးအောင်ကျော်ဆန်းသည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီမှ နိုဝင်ဘာအတွင်း ဆူပူဆန္ဒပြ မှုဖြစ်စဉ်များတွင် တတ်ကြွစွာပါဝင်လှုပ်ရှားခြင်း၊    ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ တော်၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့၏ အမိန့်ကြော်ငြာစာ အမှတ် (၂/၂၀၂၁)ဖြင့် အကြမ်းဖက်အုပ်စုများအဖြစ် သတ်မှတ်ကြေညာထားသည့် အဖွဲ့အစည်းများနှင့် ဆက်သွယ်ခြင်း၊ ငွေကြေးကောက်ခံထောက်ပံ့ခြင်းများကို ဆောင်ရွက်သဖြင့် စစ် အုပ်ချုပ်ရေး (Martial Law) စစ်ခုံရုံးဖွဲ့၍ စစ်ဆေးမှုများဆောင်ရွက်ရာ အကြမ်း ဖက်မှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀(ည)၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅-က(က)အရ ဒီဇင်ဘာ ၁၆ ရက်တွင် ၎င်းအား “ထောင်ဒဏ်တစ်သက် ” ပြစ်ဒဏ်အား အမိန့် ချမှတ်လိုက်သည်။


  အဆိုပါပြစ်ဒဏ်ချမှတ်ခံရသူများအနက်မှ ထွက်ပြေးလွတ်မြောက်နေသူများအား ၎င်းနှင့်စပ်လျဉ်း၍ ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ-၈၇၊ ၈၈ အရ ဖမ်းဝရမ်းထုတ်ဆင့်ရန် အမိန့်ချမှတ်လိုက်သည်။                                                                      ဆွေဦး






အခြားဆက်စပ်သတင်းများ