နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
PDF အဖွဲ့က ပစ်ခတ်သတ်ဖြတ်မှု အမျိုးသားတစ်ဦးနှင့် အမျိုးသမီးလေးဦး သေဆုံး

တန့်ဆည်၊ ဒီဇင်ဘာ ၁၈


စစ်ကိုင်းတိုင်းဒေသကြီး၊ တန့်ဆည် မြို့နယ်၌ PDF အကြမ်းဖက်လက်နက် ကိုင်များက ဒီဇင်ဘာ ၁၅ ရက်၊ နံနက် ၁၂ နာရီ ၂၀ မိနစ်တွင် ရက်စက်စွာ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ် မီးရှို့ မှုကြောင့် အပြစ်မဲ့ ပြည်သူ အမျိုးသား တစ်ဦးနှင့် အမျိုးသမီးလေးဦးတို့ သေ ဆုံးပြီး နေအိမ်တစ်လုံး မီးလောင်ပျက်စီး သွားသည်။   

 

ဖြစ်စဉ်မှာ    တန့်ဆည်မြို့နယ်၊ ဒေါင့်ကြီးကျေးရွာအတွင်းသို့  PDF အကြမ်းဖက်    လက်နက်ကိုင်အဖွဲ့ အင်အား(စိစစ်ဆဲ)တို့က လက်နက် များ ကိုယ်စီကိုင်ဆောင်ကာဝင်ရောက် လာသဖြင့် အေးချမ်းစွာနေထိုင်လျက်ရှိ သော ကျေးရွာနေ ပြည်သူအများစုသည် အကြမ်းဖက် သမားများ ၏ အကြမ်းဖက် သတ်ဖြတ်မှုများအား ကြောက်ရွံ့၍ ထွက်ပြေးတိမ်းရှောင်ကြရသည်။    


ထိုသို့ထွက်ပြေးတိမ်းရှောင်ကြရာ အသက်အရွယ်ကြီးရင့်၍  သွားလာ လှုပ်ရှားရန်   မလွယ်ကူသည့် အဆိုပါ ကျေးရွာနေ ဦးကျော်စိုး ၆၇ နှစ်(ဘ)ဦးဖိုးသိုးနှင့် ၎င်း၏ မိသားစုဝင်များ ဖြစ်ကြသော   ဒေါ်ခင်လှိုင် ၆၅ နှစ် (ဘ)ဦးဂျမ်း၊ ဒေါ်လှိုင်စိုး ၄၅ နှစ် (ဘ)ဦးကျော်စိုးနှင့် ဒေါ်ဂျမ်းတော ၈၅ နှစ် (ဘ) ဦးကျောက်ခဲ၊  ဒေါ်ခင်ဆွေမြင့် ၇၄ နှစ် (ဘ) ဦးကျောက်ခဲတို့သည် ၎င်းတို့၏နေအိမ်များ၌ ပုန်းအောင်း လျက်ရှိစဉ်  အကြမ်းဖက်သမားများက နေအိမ်များအတွင်း   ဝင်ရောက်ကာ “သတင်းပေး၊ ဒလန်”ဟု  စွပ်စွဲပြောဆို ၍ ရက်စက်စွာသေနတ်ဖြင့် ပစ်ခတ် သတ်ဖြတ်ပြီး နေအိမ်များအား မီးရှို့ ဖျက်ဆီးသည်။ 

   

ဖြစ်စဉ်တွင် ဦးကျော်စိုးနှင့် မိသားစု ဝင်များဖြစ်ကြသော   ဒေါ်ခင်လှိုင်၊ ဒေါ်လှိုင်စိုးတို့သုံးဦးမှာ နေအိမ်အတွင်း မီးလောင်သေဆုံးပြီး ဒေါ်ဂျမ်းတောနှင့် ဒေါ်ခင်ဆွေမြင့်တို့နှစ်ဦးမှာ ခန္ဓာကိုယ် အနှံ့ သေနတ်ထိမှန်ဒဏ်ရာများဖြင့် သေ ဆုံးသည့်အပြင် ဦးကျော်စိုးပိုင်ဆိုင်သည့် သွပ်မိုး၊ ပျဉ်ကာ၊ ပျဉ်ခင်းနေအိမ်တစ်လုံး (တန်ဖိုးစိစစ်ဆဲ)တို့ မီးလောင်ပျက်စီး ဆုံးရှုံးသည်။                           

 ဆွေဦး






အခြားဆက်စပ်သတင်းများ