နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မိုင်းဆွဲတိုက်ခိုက်မှုကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်နှစ်ဦးကျဆုံးအချို့ဒဏ်ရာရရှိ

တန့်ဆည်၊  ဒီဇင်ဘာ ၁၅


စစ်ကိုင်းတိုင်းဒေသကြီး၊ တန့်ဆည် မြို့နယ်၌ PDF အကြမ်းဖက် လက်နက် ကိုင်အဖွဲ့က နေအိမ်လေးလုံး မီးရှို့ပြီး အမျိုးသားငါးဦး သတ်ဖြတ်မှုဖြစ်စဉ်နှင့် ပတ်သက်၍ အခြေအနေသွားရောက် ထိန်းသိမ်းဆောင်ရွက်ပြီး ပြန်လည်ထွက် ခွာလာသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များကို ဒီဇင်ဘာ ၁၃ ရက်၊ ညနေ ၄ နာရီတွင် မိုင်းဆွဲတိုက်ခိုက်ရာ လုံခြုံရေးတပ်ဖွဲ့ဝင် နှစ်ဦးကျဆုံးပြီး အချို့ဒဏ်ရာရရှိကြသည်။


ဖြစ်စဉ်မှာ တန့်ဆည်မြို့နယ်၊ ရွာ သာယာ ကျေးရွာ၌ PDF အမည်ခံ အကြမ်း ဖက်လက်နက်ကိုင်အဖွဲ့ အင်အား(စိစစ် ဆဲ)မှ ကျေးရွာသို့လာရောက်ကာ လူ အင်အားဖြင့်ရွာအား ပိတ်ဆို့၍ ကျေးရွာ သူ/ ကျေးရွာသားများကို သတ်ဖြတ်ပြီး နေအိမ်များအား  မီးရှို့ဖျက်ဆီးနေကြောင်း သတင်းအရ လုံခြုံရေးရဲတပ်ဖွဲ့ဝင်များ နှင့်ပူးပေါင်းအဖွဲ့က သွားရောက်စစ်ဆေး ရာ PDF အကြမ်းဖက် လက်နက်ကိုင် အဖွဲ့၏ အကြမ်းဖက်သတ်ဖြတ်မှုနှင့်  မီးရှို့ ဖျက်ဆီးမှုတို့ကြောင့် အဆိုပါကျေးရွာရှိ နေအိမ်လေးလုံး မီးလောင်ကျွမ်းပျက်စီး နေပြီး အမျိုးသားတစ်ဦး (စိစစ်ဆဲ)မှာ မီးလောင် ဒဏ်ရာများဖြင့်လည်းကောင်း၊ အမျိုးသားလေးဦး(စိစစ်ဆဲ)မှာ သေနတ် ထိမှန်ဒဏ်ရာများဖြင့် လည်းကောင်း သေဆုံးပြီး အမျိုးသားတစ်ဦး ဒဏ်ရာရရှိ ကာ ကျေးရွာသူ/ကျေးရွာသားများမှာ အကြမ်းဖက်အဖွဲ့ များ၏ ဘေးအန္တရာယ်မှ လွတ်မြောက်နိုင်ရေး ကျေးရွာအတွင်းမှ ထွက်ပြေးတိမ်းရှောင်လျက်ရှိသည်။


ထို့နောက် လုံခြုံရေးတပ်ဖွဲ့ဝင်များ သည် အခင်းဖြစ်ကျေးရွာအခြေအနေအား ထိန်းသိမ်းဆောင်ရွက်ပြီး ထိခိုက်ဒဏ်ရာ ရရှိသည့် အမျိုးသားတစ်ဦးကို ဆေးကုသမှု ခံယူနိုင်ရေးအတွက် ခေါ်ဆောင်ကာ အဆို ပါ ကျေးရွာမှ မော်တော်ယာဉ်ဖြင့်ပြန် လည်ထွက်ခွာလာစဉ် မှန်ရင်းကျေးရွာ အထွက်သို့အရောက်၌ PDF အကြမ်းဖက် လက်နက်ကိုင်အဖွဲ့က မိုင်းဆွဲတိုက် ခိုက်သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင် နှစ်ဦး ကျဆုံးခဲ့ပြီး တပ်ဖွဲ့ဝင်အချို့တို့ တွင် မိုင်းစ ထိမှန်ဒဏ်ရာများ အသီးသီးရရှိကြသည်။

ဆွေဦး






အခြားဆက်စပ်သတင်းများ