နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်ရှိ "သီတာဆန်း"ဘော်ဒါဆောင်၌ လက်လုပ်မိုင်းပြုလုပ်နေစဉ် ပေါက်ကွဲမှုဖြစ်ပွား၍ အကြမ်းဖက်သမားတစ်ဦး ထိခိုက်ဒဏ်ရာရရှိ

 နေပြည်တော်၊  ဒီဇင်ဘာ ၁၅


ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာ (အနောက်ပိုင်း)မြို့နယ်ရှိ "သီတာဆန်း" ဘော်ဒါဆောင်၌ လက်လုပ်မိုင်းပြုလုပ် နေစဉ် ပေါက်ကွဲမှုဖြစ်ပွား၍ အကြမ်း ဖက်သမားတစ်ဦး ထိခိုက်ဒဏ်ရာရရှိ ခဲ့ကြောင်း သိရသည်။


လက်လုပ်မိုင်းပြုလုပ်နေစဉ် ပေါက်ကွဲ


ဖြစ်စဉ်မှာ ဒီဇင်ဘာ ၁၃ ရက်၊ ညနေ ၆ နာရီခွဲခန့်တွင် လှိုင်သာယာ(အနောက် ပိုင်း)မြို့နယ် ၁၂ ရပ်ကွက်၊  ပေါ်ဆန်း မွှေး ၁ လမ်း၊ အမှတ်  ၃၈၆/ခ ရှိ "သီတာ ဆန်း" ဘော်ဒါဆောင်၌ ပေါက်ကွဲမှုဖြစ် ပွားကြောင်း သတင်းအရ လုံခြုံရေးတပ် ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က သွားရောက်စစ်ဆေးခဲ့ရာ   အဆိုပါ ဘော်ဒါဆောင်၌ လာရောက်တည်းခိုနေ ထိုင်သည့် ကောင်းမြတ် ၁၉ နှစ်၊ (ဘ)  ဦးရဲမြင့်ထွန်းသည် လက်လုပ်မိုင်းပြုလုပ် နေစဉ် ပေါက်ကွဲမှုဖြစ်ပွားကြောင်း သိရ ပြီး ၎င်းတွင် မိုင်းစထိမှန်ဒဏ်ရာများ ရရှိ ထားသည်ကို တွေ့ရှိရသဖြင့် ဆေးကုသ မှုခံယူနိုင်‌ရေး    လှိုင်သာယာမြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့သည်။


ထိုသို့ အကြမ်းဖက်လုပ်ရပ်များလုပ် ဆောင်ရန် လက်လုပ်မိုင်းပြုလုပ်နေ စဉ် ပေါက်ကွဲမှုဖြစ်ပွား၍ ထိခိုက်ဒဏ်ရာ များဖြင့် ဖမ်းဆီးရမိခဲ့သည့် ကောင်းမြတ် ကို ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူ နိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက် လက် ဆောင်ရွက်လျက်ရှိကြောင်း သိ ရသည်။                             

သတင်းစဉ်






အခြားဆက်စပ်သတင်းများ