နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
တာမွေမြို့နယ်တွင် COVID -19 ရောဂါ ကာကွယ်ရေးအတွက် ဗီနိုင်းပိုစတာများ စိုက်ထူ၍ အသိပညာပေးလုပ်ငန်းများဆောင်ရွက်

ရန်ကုန် ဧပြီ ၃ ရန်ကုန်တိုင်းဒေသကြီး ၊ ရန်ကုန်အရှေ့ပိုင်းခရိုင် ၊ တာမွေမြို့နယ်တွင် COVID -19 ရောဂါ ကာကွယ်ရေး လုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ဧပြီ ၂ ရက်၊ ညနေပိုင်းအချိန်က ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ COVID -19 ရောဂါ ကာကွယ်ရေး အသိပညာပေးဖြစ်သည့် " နေ့စဉ်ဘဝမှာ ခပ်ခွာခွာနေပါ " ဗီနိုင်းကို တာမွေမြို့နယ်အတွင်းရှိအာသောကတံတားနှင့် တာမွေဗလီထိပ်တို့တွင် ဗီနိုင်း ပိုစတာများ စိုက်ထူ၍ ကြော်ငြာပေးလျက်ရှိကြောင်း၊ အဆိုပါဗီနိုင်းတွင် " လူစုလူဝေးများကိုရှောင်ပါ၊ အခြားသူများနှင့် (၁) မီတာ/၃ ပေအကွာမှသာ ပြောဆိုပါ၊ တတ်နိုင်သလောက် အိမ်ထဲမှာသာနေပါ၊ လိုအပ်သောအချိန်မှသာ စျေးဝယ်ပါ " စသည့် အသိပညာပေးအချက်များကိုပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရန် ကြော်ငြာပေးလျက်ရှိစဉ်။ မို့မို့အောင်






အခြားဆက်စပ်သတင်းများ