နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
သူနာပြုဆရာမ တစ်ဦးအပါအဝင် သတ်ဖြတ်ခဲ့သည့် PDF အကြမ်းဖက်သမားများ ၂၄ နာရီအတွင်း ဖမ်းဆီးရမိ

မန္တလေး၊  ဒီဇင်ဘာ ၁၄


PDF အမည်ခံအကြမ်းဖက်အဖွဲ့များသည် ဒီဇင်ဘာ ၁၂ ရက်၊ နံနက် ၇ နာရီခွဲခန့်တွင် ချမ်းမြသာစည်မြို့နယ်၊ ၆၂ လမ်း၊ ၁၀၄ လမ်း နှင့် ၁၀၅ လမ်းကြား၌ သူနာပြုဆရာမတစ်ဦးနှင့် ၎င်း၏ ခင်ပွန်း တို့အားလည်းကောင်း၊ ပြည်ကြီးတံခွန်မြို့နယ်၊ ၁၁၃ လမ်း၊ ၅၆(A)လမ်းနှင့် ၅၆(B)လမ်းကြားရှိ ရှမ်းခေါက်ဆွဲဆိုင်၌ ရပ်ကွက် အုပ်ချုပ် ရေးမှူးတစ်ဦးနှင့် ပြည်သူတစ်ဦးကိုလည်းကောင်း၊ ချမ်းမြသာစည် မြို့နယ်၊ အောင်ပင်လယ်ရပ်ကွက်၊ ၅၆ လမ်း၊ ၁၀၆ လမ်းနှင့် ၁၀၇ လမ်း၌ သံဃာတော်များ အာရုဏ်ဆွမ်းခံကြွနေစဉ် ကပ္ပိယကျောင်း သားအဖြစ် လိုက်ပါဆောင်ရွက်သူအားလည်းကောင်း သေနတ်များဖြင့် ပစ်ခတ်သတ်ဖြတ်ခြင်းများ ပြုလုပ်သည်။


အဆိုပါ အကြမ်းဖက်အဖွဲ့များအား အမြန်ဆုံးဖမ်းဆီးရမိရေး ဆောင်ရွက်ခဲ့ရာ ဒီဇင်ဘာ ၁၂ ရက်၊ ညနေ ၆ နာရီခွဲခန့်တွင် ချမ်းမြ သာစည်မြို့နယ်၊ ၅၅ လမ်းနှင့် ၁၁၄ လမ်း၌ အကြမ်းဖက်သတ်ဖြတ် ခဲ့ရာတွင် ပါဝင်ခဲ့သူတစ်ဦးကို ဖမ်းဆီးရမိခဲ့ပြီး ၎င်း၏ လက်ကိုင်ဖုန်း အတွင်းမှ အပြစ်မဲ့ပြည်သူများ သတ်ဖြတ်ရန်ရည်ရွယ်၍ “ဒလန် သတင်းပေးရှင်းလင်းမည့်အစီအမံများ၊ လူမှုကွန်ရက်ပေါ်တွင် ဒလန် ရှင်းလင်းရန်နှင့် အကြမ်းဖက်ဆောင်ရွက်ရန်” ဟု တစ်ဦးနှင့် တစ်ဦး ဆက်သွယ်ပြောဆိုထားသည့် စာသားများစစ်ဆေးတွေ့ရှိရသည်။


ဖမ်းဆီးရမိသူ၏ ထွက်ဆိုချက်အရ မဟာအောင်မြေမြို့နယ်၊ သံလျှက်မှော် အနောက်ရပ်ကွက်၊ ၄၂ လမ်း၊ ၆၁ လမ်းနှင့် ၆၂ လမ်း ကြားရှိ သွပ်မိုး/ထရံကာ နှစ်ထပ်နေအိမ်တွင် အထက်ပါ အကြမ်း ဖက်မှုကို ကျူးလွန်ခဲ့သူများအနေဖြင့် ၎င်းတို့၏ အကြမ်းဖက်လုပ်ရပ် များအတွက် အောင်ပွဲခံရန်စုဝေးနေကြောင်းသိရသဖြင့် ည ၉ နာရီ ခန့်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးရာ အကြမ်း ဖက်သူများသည် နေအိမ်အတွင်းမှ ပစ္စတိုသေနတ်များ၊ လက်ပစ် ဗုံးများဖြင့် ခုခံပစ်ခတ်ရာ လုံခြုံရေးတပ်ဖွဲ့ဝင်တစ်ဦး ဝမ်းဗိုက်ကျည် ဖောက်ဝင်ဒဏ်ရာ တစ်ချက်(မစိုးရိမ်ရ)ရရှိကာ လုံခြုံရေးတပ်ဖွဲ့ဝင် များက ပြန်လည်ပစ်ခတ်ဖမ်းဆီးရာ PDF အမည်ခံ အကြမ်းဖက်သူ ခုနစ်ဦး အသေဖမ်းဆီးရမိပြီး နေအိမ်အတွင်းမှ ပစ္စတိုသေနတ် နှစ်လက်၊ ၎င်းကျည်အိမ် ငါးခု၊ ဒေသန္တရ လက်လုပ်မိုင်းမျိုးစုံ ၁၉ လုံး၊ လက်ပစ်ဗုံးမျိုးစုံ ၁၀ လုံး၊ ၉ မမကျည် ၆၇ တောင့်၊ အားမြှင့် ယမ်း လေးခု၊ ဒီတိုနေတာ သုံးခု၊ အဝေးထိန်းခလုတ်သုံးခုနှင့် ဆက်စပ် ပစ္စည်းများ သိမ်းဆည်းရမိသည်။


ဖမ်းဆီးရမိသူ ထပ်မံထွက်ဆိုချက်များအရ ပြည်ကြီးတံခွန်မြို့နယ်၊ ၁၁၇ လမ်း၊ ၅၁ လမ်းနှင့် ၅၂ လမ်းကြားရှိ ပျဉ်ထောင်သွပ်မိုးနှစ် ထပ်နေအိမ်တွင် PDF အမည်ခံဆိုသူများ ရောက်ရှိနေကြောင်း ထပ်မံ သိရှိရသဖြင့်  ည ၁၁ နာရီခန့်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များကသွား ရောက်ဖမ်းဆီးရာ PDF အမည်ခံအကြမ်းဖက်သူတစ်ဦးက လုံခြုံရေး တပ်ဖွဲ့ဝင်များအား လက်လုပ်မိုင်းဖြင့် ပစ်ပေါက်ထွက်ပြေးသဖြင့် ပစ်ခတ်ဖမ်းဆီးရာ အသေဖမ်းဆီးရမိလိုက်သည်။ 

ဆွေဦး






အခြားဆက်စပ်သတင်းများ