နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကပ်ရောဂါအတွင်း ကျန်းမာရေးအသုံးစရိတ်ကြောင့် လူ သန်း ၅၀၀ ခန့် ဆင်းရဲမှုဒဏ် ရင်ဆိုင်နေရ

ဂျနီဗာ၊  ဒီဇင်ဘာ ၁၄


ကိုဗစ်ကပ်ရောဂါအတွင်း လူပေါင်း  ဘီလီယံထက်ဝက်ခန့်သည် ယင်းတို့၏ ကျန်းမာရေးစောင့်ရှောက်မှု    နှင့် ကျန်းမာရေးအသုံးစရိတ်များကြောင့် ဆင်းရဲမှုဒဏ်ကို  ရင်ဆိုင်ရကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ်နှင့် ကမ္ဘာ့ ဘဏ်၏ ဒီဇင်ဘာ ၁၄ ရက် ထုတ်ပြန် ချက်တွင် ဖော်ပြထားသည်။ 


ကိုဗစ်-၁၉ ကြောင့် နိုင်ငံတကာ၏ ကျန်းမာရေးစောင့်ရှောက်မှုစနစ်များ ယိုင်နဲ့ခဲ့ပြီး ၁၉၃၀ ခုနှစ်နောက်ပိုင်း အဆိုးဆုံး စီးပွားရေးဂယက်ကို ထစေ ကြောင်း၊ ထို့ကြောင့် အများစုသည် ယင်းတို့၏ ကျန်းမာရေးအသုံးစရိတ်ကို ပေးနိုင်ရန် အခက်အခဲများစွာနှင့် ကြုံ တွေ့နေရကြောင်း တွဲဖက်ထုတ်ပြန်ထား သော ကြေညာချက်တွင် ဖော်ပြထား ခြင်းဖြစ်သည်။ 


အစိုးရများအားလုံးအနေဖြင့် နိုင်ငံ သားတိုင်း  ငွေကြေးအခက်အခဲမရှိဘဲ ကျန်းမာရေးစောင့်ရှောက်မှုရရှိနိုင်ရန် အားစိုက် လုပ်ဆောင်ရန်လိုကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ်၏ ညွှန်ကြား ရေးမှူးချုပ် တတ်ဒရိုစ်အဒိုနမ်ဂီဘရီး ရယ်ဇူပ်စ်က တိုက်တွန်းထားသည်။ 


ထို့ပြင် ကျန်းမာရေးစနစ်တွင်အာရုံ စိုက်ပြီး နိုင်ငံတကာကျန်းမာရေးစောင့် ရှောက်မှုအတိုင်း ဆက်လက် ကြိုးပမ်း ဆောင်ရွက်ရန်နှင့် လူတိုင်းငွေကြေး အခက်အခဲမရှိဘဲ ကျန်းမာရေးစောင့် ရှောက်မှုရရှိရန် လိုအပ်ကြောင်းလည်း အကြံပေးပြောဆိုသည်။

(Ref: CNA)






အခြားဆက်စပ်သတင်းများ