နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
တရုတ် နှင့် သံတမန်ဆက်ဆံရေး ပြန်လည်စတင် ပြည်သူများအတွက် သတင်းကောင်းဟု နီကာရာဂွာ သမ္မတပြောကြား

 မာနာဂွာ၊  ဒီဇင်ဘာ ၁၄

 

တရုတ်နိုင်ငံနှင့် သံတမန်ဆက် ဆံရေးပြန်လည်စတင်ခြင်းသည် နီကာ ရာဂွါနိုင်ငံ၏   ပြည်သူများအတွက် သတင်းကောင်းဖြစ်ကြောင်း နီကာရာ ဂွာ သမ္မတ ဒယ်နီရယ် အော်တေဂါက ပြောကြားလိုက်သည်။  


ထိုင်ဝမ်နှင့် ဆက်ဆံရေးများကို ဖြတ်တောက်လိုက်ပြီး တရုတ်ပြည်သူ့ သမ္မတနိုင်ငံနှင့် သံတမန်ဆက်ဆံရေး ပြန်လည်စတင်ကြောင်း ကြေညာပြီး နောက် ဒီဇင်ဘာ ၁၃ ရက် ညနေပိုင်းတွင် ယခုကဲ့သို့ ပြောကြားခြင်းဖြစ်သည်။ 


စီးပွားရေးအင်အားကြီး နိုင်ငံတစ် နိုင်ငံဖြစ်သည့်  တရုတ်နိုင်ငံသည် လူမှု ဘဝ၊ သိပ္ပံနှင့် နည်းပညာကဲ့သို့သော ကဏ္ဍများတွင် လျင်မြန်စွာတိုးတက် နေသော နိုင်ငံတစ်နိုင်ငံဖြစ်ကြောင်း၊ ထို့အပြင်ဒေသတွင်း နိုင်ငံများနှင့်လည်း ဆက်ဆံရေး တိုးမြှင့်ဆောင်ရွက်နေပြီး CELAC ဟု ခေါ်သည့် လက်တင်အမေရိက နှင့် ကာရေဘီယံနိုင်ငံများနှင့်လည်း ဆက်ဆံရေး တိုးမြှင့်နေကြောင်းပြော သည်။ 


တရုတ်နိုင်ငံနှင့် နီကာရာဂွာနိုင်ငံ အကြား သံတမန်ဆက်ဆံရေး ပြန်လည် စတင်ရန် နှစ်ဘက်သဘောတူ ပြန်တမ်း ကို    တရုတ်နိုင်ငံ မြောက်ပိုင်းက တီယန်ကျင်းတွင်  လက်မှတ်ရေးထိုးခဲ့ ကြပြီးဖြစ်သည်။

(Ref: BBC)






အခြားဆက်စပ်သတင်းများ