နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဆိုဗီယက်ယူနီယံပြိုကွဲစဉ်က သမ္မတပူတင် တက္ကစီမောင်းခဲ့ရ

မော်စကို၊  ဒီဇင်ဘာ  ၁၄

 

ဆိုဗီယက်ယူနီယံပြိုကွဲစဉ်က ဝင် ငွေရရန်အတွက်    တက္ကစီမောင်းခဲ့ရ ကြောင်း  ရုရှားသမ္မတ  ဗလာဒီမီယာ ပူတင် ထုတ်ဖော်ပြောဆိုသည်။  ဆိုဗီ ယက်ယူနီယံ KGB ထောက်လှမ်းရေး တစ်ဦးဖြစ်သော ပူတင်သည် ယခင် ကလည်း ဆိုဗီယက်ယူနီယံပြိုကွဲခြင်း နှင့်  ပတ်သက်ပြီး ဝမ်းနည်းကြောင်း   ပြောကြားဖူးပြီး ယင်းသို့ ပြိုကွဲခြင်းသည် နိုင်ငံသားအများစုအတွက် ဝမ်းနည်း ဖွယ်ဖြစ်ကြောင်း မကြာခဏပြောလေ့ရှိ သည်။  


ယင်းသို့ ပြောကြားချက်ကို နိုင်ငံပိုင် သတင်းဌာနက တင်ဆက်သည့်ရုပ်သံ တစ်ခုတွင် ရိုက်ကူးနေသည့် ရုရှား မျက်မှောက်သမိုင်းဆိုင်ရာ ပြောကြား ချက်တွင် သမ္မတ ပူတင်က ပြောကြား ခြင်းဖြစ်သည်။ 


သမ္မတပူတင်အနေဖြင့် ဆိုဗီယက် နိုင်ငံဟောင်းများသို့ အနောက်အုပ်စု စစ်ရေးတိုးချဲ့ခြင်းကို ပြင်းထန်စွာဆန့် ကျင်ပြီး  ဂျော်ဂျီယာနှင့် ယူကရိန်းကို မြောက်အတ္တလန်တိတ် စာချုပ်အဖွဲ့ - NATO သို့ ဝင်ရောက် ခွင့်ပြုမည့် ၂၀၀၈ ခုနှစ်က ဆုံးဖြတ်ချက်ကို ပြန်လည်ရုတ် သိမ်းရန် ယခုအပတ်အတွင်းတောင်းဆို ထားပြီး ဆိုဗီယက်ယူနီယံပြိုကွဲခြင်း ကြောင့်   ပြင်းထန်သည့်  စီးပွားရေး မတည်ငြိမ်သည့် ကာလတစ်ခုပေါ်ပေါက် လာကာ   လူအများအပြား ဆင်းရဲနွမ်း ပါးမှုအတွင်း ကျရောက်ခဲ့ကြောင်းသိရ သည်။ 


၁၉၉၁ ခုနှစ်တွင် စီးပွားရေးဒုက္ခ များကြောင့်  ဆိုဗီယက်ယူနီယံပြိုကွဲ သွားပြီး  ရုရှားသည် လွတ်လပ်သော နိုင်ငံတစ်ခု ဖြစ်လာခဲ့သည်။ 

(Ref: AFP)






အခြားဆက်စပ်သတင်းများ