နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရုရှားနိုင်ငံ Orthodox ကျောင်း ဗုံးပေါက်ကွဲ ဖောက်ခွဲသူ ကျောင်းသားဟောင်း ဗုံစထိမှန်သေဆုံး

မော်စကို၊ ဒီဇင်ဘာ ၁၄


ရုရှားနိုင်ငံ မော်စကိုဒေသရှိ ရုရှား Orthodox  ကျောင်းမှ ဘွဲ့ရကျောင်းသား ဟောင်းတစ်ဦးသည် အဆိုပါကျောင်းတွင် ဖောက်ခွဲရေးပစ္စည်းများကို ဖောက်ခွဲခဲ့ ရာ မိမိကိုယ်ကို ပြန်ထိမှန်၍ သွေးထွက်လွန်ကာ သေဆုံးသွားကြောင်း ဒေသတွင်း သတင်းမီဒီယာများက ဒီဇင်ဘာ ၁၃ ရက်တွင် အတည်ပြုလိုက်သည်။  


ဒီဇင်ဘာ ၁၃ ရက် မနက်ပိုင်းက အသက် ၁၈ နှစ်အရွယ်ရှိ ဘွဲ့ရတစ်ယောက်သည် ဆာပူကိုဗေါ့မြို့တွင်ရှိသည့် ရုရှား Orthodox ကျောင်းအဆောက်အဦအတွင်းသို့ ၀င်ပြီးနောက် ဖောက်ခွဲခဲ့ခြင်းဖြစ်ကြောင်း ရုရှားပြည်ထဲရေးဝန်ကြီးဌာနက သတင်း ထုတ်ပြန်သည်။ 


အဆိုပါ ဖောက်ခွဲခဲ့သူမှာ ဖောက်ခွဲရေးပစ္စည်းများ ပေါက်ကွဲစဉ်ပြန်လည်ထိမှန် ၍ သွေးလွန်ကာ သေဆုံးခဲ့ပြီး အခင်းဖြစ်ပွားရာနေရာရှိ ဆရာမများနှင့် ကျောင်းသားများ ကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့ရကြောင်း၊ လူနာတင်ယာဉ်ကိုလည်း ချက်ချင်း ခေါ်ယူခဲ့ရကြောင်း ရဲတပ်ဖွဲ့က  ပြောသည်။  


အဓိက စုံစမ်းစစ်ဆေးရေးညွှန်ကြားရေးမှူးရုံးဖြစ်သည့် မော်စကိုဒေသ စုံစမ်း စစ်ဆေးရေးကော်မတီ၏ အစီရင်ခံစာတွင်မူ ယင်းဖြစ်ရပ်သည် ကျောင်းနှင့် ကျောင်းသားဟောင်းတို့ကြား ပဋိပက္ခ ဖြစ်ဖွယ်ရှိနေနိုင်ကြောင်း သုံးသပ်ထားသည်။ ပြည်နယ်ရဲတပ်ဖွဲ့ကမူ ယင်းပေါက်ကွဲမှုတွင် ကလေးခုနစ်ဦး အပါအဝင် အနည်းဆုံး လူရှစ်ဦးဒဏ်ရာရခဲ့ကြောင်း ကနဦးထုတ်ပြန်ချက်များထုတ်ပြန်ထားသည်။

(Ref: AFP)






အခြားဆက်စပ်သတင်းများ