နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
လေဆင်နှာမောင်းဒဏ်ခံ အမေရိကန်နိုင်ငံသားများ တရုတ်နိုင်ငံက အကူအညီများပေးပို့မည်

ပေကျင်း၊  ဒီဇင်ဘာ ၁၄ 


အမေရိကန်အလယ်ပိုင်းပြည်နယ် ခြောက်ခုကို တိုက်ခတ်ခဲ့သည့် လေဆင် နှာမောင်းနှင့် ပြင်းထန်သည့် မုန်တိုင်း များကြောင့် သေဆုံးဒဏ်ရာရမှုများ၊ စီးပွားရေးဆုံးရှုံးမှုများအတွက် ဝမ်းနည်း ကြောင်း ပြောကြားကာ အကူအညီများ ပေးပို့မည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြား ရေးဌာန ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝေဘင်း က ပြောကြားသည်။ 


မုန်တိုင်းကြောင့် ထိခိုက်ဒဏ်ရာရ ခဲ့သည့် အမေရိကန်နိုင်ငံသားများ မကြာမီ ပြန်လည် ကောင်းမွန်လာပြီး ယင်းတို့ ၏ နေအိမ်များကို ပြန်လည်တည်ဆောက် နိုင်မည်ဟု တရုတ်နိုင်ငံက မျှော်လင့် ကြောင်း ယင်းက အားပေးစကားပေးပို့ ပြောကြားသည်။ 


ထို့ပြင် တရုတ်နိုင်ငံတကာ ဖွံ့ဖြိုး တိုးတက်ရေး ပူးပေါင်းဆောင်ရွက်ရေး အေ ဂျင်စီ (CIDCA) မှ ပြောရေးဆိုခွင့်ရှိသူ ဇူဝေကလည်း ယခုလို ပြင်းထန်သည့် လေဆင်နှာမောင်း     တိုက်ခတ်ခဲ့ခြင်း ကြောင့်    အသေအပျောက်များခဲ့ခြင်း၊ ပစ္စည်းဥစ္စာများ သိသိသာသာဆုံးရှုံး ပျက်စီးခဲ့ခြင်းကို သတိပြုမိကြောင်း၊ ထို့ ကြောင့် အဘက်ဘက်က  ဝိုင်းဝန်းကူညီ ရန်အသင့်ရှိကြောင်း ပြောကြားသည်။ 


လတ်တလောတွင် အမေရိကန်၏ လိုအပ်ချက်များအရ ဘေးသင့်ပြည်သူ များကို အရေးပေါ် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီများ ပေးအပ်ရန် တရုတ်အနေဖြင့် စိတ်အား ထက်သန်လျက်ရှိကြောင်း သိရသည်။

(Ref: Reuters)






အခြားဆက်စပ်သတင်းများ