နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကွန်ဂိုအနောက်ပိုင်းတွင် သင်္ဘောနစ်မြုပ်သဖြင့် ၁၃ ဦးသေဆုံး

ကင်ရှာဆာ၊  ဒီဇင်ဘာ ၁၃

 

ဒီမိုကရက်တစ် ကွန်ဂိုသမ္မတ နိုင်ငံ(DR CONGO)အနောက်ပိုင်း မိုင်နို ဒွမ်ဘီပြည်နယ်ရှိ အီဘလီကျေးရွာအနီး ကွန်ဂိုမြစ်တွင် ဒီဇင်ဘာ ၁၂ ရက် ည သန်းခေါင်တွင် သင်္ဘောနစ်မြုပ်ခဲ့ရာ ၁၃ ဦး သေဆုံးပြီး ၁၇ ဦး ကို ကယ်တင်နိုင် ခဲ့ကြောင်း အာဏာပိုင်များက ထုတ်ပြန် သည်။ 


 ပြည်နယ်ဝန်ကြီးဖြစ်သည့် ပြည်ထဲ ရေးနှင့် လုံခြုံရေးတာဝန်ခံ ခရစ်စ်ပင် အီပွန်ဒိုဘွန်ဒါ၏ ပြောကြားချက်အရ သင်္ဘောသည် ကင်ရှာဆာမှ မိုင်နိုဒွမ်ဘီ ပြည်နယ်မြို့တော် အီနွမ်ဂိုမြို့သို့ ခုတ် မောင်းလာစဉ်   လေပြင်းတိုက်ခိုက်မှု ကြောင့်  နစ်မြုပ်သွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 


 ပြီးခဲ့သည့် နှစ်လအတွင်း မိုင်နိုဒွမ်ဘီ ပြည်နယ်ရှိ ကွန်ဂိုမြစ်အတွင်း သင်္ဘော သုံးစင်းပျက်စီးနစ်မြုပ်ခဲ့ပြီး ကွန်ဂိုမြစ် တွင် တိမ်းမှောက်နစ်မြုပ်ခဲ့သည့် သင်္ဘော အများစုမှာ  ညအချိန်ခရီးသွားခြင်း၊ ဝန်ပို တင်ခြင်းနှင့်  သင်္ဘောအခြေအနေဆိုးရွား ခြင်းတို့ကြောင့် မတော်တဆမှုများဖြစ် ပွားရခြင်းဖြစ်ကြောင်း သိရသည်။ 

(Ref:AP)






အခြားဆက်စပ်သတင်းများ