နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အမေရိကန်တွင် အင်အားပြင်း လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် သေဆုံးသူအရေအတွက် ၈၀ ကျော် မြင့်တက်

နယူးယောက်၊  ဒီဇင်ဘာ ၁၃


ဒီဇင်ဘာ ၁၁ ရက်၊ ညက တိုက်ခတ်ခဲ့သည့် အင်အားပြင်းလေဆင်နှာမောင်း ကြောင့်  အမေရိကန်ပြည်ထောင်စု၏ အစိတ်အပိုင်းအချို့တွင် အပျက်အစီးများခဲ့ပြီး လူအများအပြားသေဆုံးခဲ့ရာ  လက်ရှိအချိန်အထိ  သေဆုံးသူအရေ အတွက် မှာ ၈၀ ကျော်ထိ မြင့်တက်လာခဲ့ကြောင်း ဒီဇင်ဘာ ၁၂ ရက်၊ ညပိုင်းတွင် ထုတ်ပြန်သည်။ 


ကန်သမ္မတ ဂျိုးဘိုင်ဒင်က အမေရိကန်သမိုင်းတွင် အကြီးမားဆုံးမုန်တိုင်းဖြစ်ပွား မှုထဲမှတစ်ခုဖြစ်ကြောင်း မှတ်ချက်ပေးခဲ့ပြီး အဆိုပါ လေဆင်နှာမောင်းကြောင့် အီလီနွိုက်ပြည်နယ် Amazon ဂိုဒေါင်တွင် လူခြောက်ဦးထက်မနည်း သေဆုံးကြောင်း သိရသည်။ 


ပြည်နယ်တစ်ခုတည်းတွင်ပင် လူ ၇၀ ကျော်သေဆုံးခဲ့ရပြီး အများစုမှာ ဖယောင်း တိုင်စက်ရုံမှ အလုပ်သမားများဖြစ်သည်။ ယင်းဖြစ်ရပ်သည် ဖြစ်ရပ်ဟာ အမေရိ ကန်၏  သမိုင်းတလျှောက် အဆိုးရွားဆုံး၊    ဖျက်အားအပြင်းဆုံး၊  အသေအပျောက် အများဆုံး လေဆင်နှာမောင်းဖြစ်ရပ်ဖြစ်ပြီး  သေဆုံးသူရာကျော်အနေအထားထိ ရောက်လာမည်ကိုစိုးရိမ်ကြောင်း  ပြည်နယ်အုပ်ချုပ်ရေးမှူး အန်ဒီဘီရှီယားကပြော ကြားသည်။

(Ref:Reuters)






အခြားဆက်စပ်သတင်းများ